မိုင်းပန်မြို့နယ်တွင် (၃) ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၉) ဦး စစ်ဆေးတွေ့ရှိ

မိုင်းပန်​​ နိုဝင်ဘာ ၁၅

​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် နိုဝင်ဘာလ (၁၂) ရက်နေ့မှ  (၁၄) ရက်နေ့အထိ (၃) ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများနှင့် မြို့နယ် အတွင်းသွားလာနေသူ စုစုပေါင်း(၄၃၃) ဦး အား RDT Test Kit ဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ရာ (၉) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းနှင့် ၎င်းတို့အား Isolation Ward တွင် ထားရှိကုသလျက် ရှိကြောင်း သိရသည်။

နိုဝင်ဘာလ (၁၂) ရက်နေ့တွင် RDT Test Kit ဖြင့် (၁၄၂) ဦးအား စစ်ဆေးခဲ့ရာ ရွာသစ် ရပ်ကွက်နေ ကျား (၁) ဦး၊ အလယ်ရပ်ကွက်နေ မ (၁) ဦး၊ နားလောကျေးရွာနေ  မ (၁) ဦး၊ တို့တွင်လည်းကောင်း နိုဝင်ဘာလ (၁၃) ရက်နေ့တွင် RDT Test Kit ဖြင့် (၁၃၇) ဦးအား စစ်ဆေးခဲ့ရာ ဆုပ်ဟွေကျေးရွာနေ သံဃာတော် (၁) ပါးတွင် လည်းကောင်း နိုဝင်ဘာလ (၁၄) ရက်နေ့တွင် RDT Test Kit ဖြင့် (၁၅၄) ဦးအား စစ်ဆေးခဲ့ရာ အနောက်ရပ်ကွက်နေ  ကျား (၁) ဦး၊ မ (၁) ဦး၊ နားလောကျေးရွာနေ  မ (၂) ဦး၊ ကုန်းကျိုင်းကျေးရွာနေ ကျား (၁) ဦးတို့တွင် လည်းကောင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၄) ရက်နေ့မှ နိုဝင်ဘာလ (၁၄) ရက်နေ့အထိ မိုင်းပန်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း (၅၉၉) ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ၎င်းအနက် သေဆုံး (၁ဝ) ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၅၆၂) ဦး၊ ကုသဆဲ (၂၇) ဦး ကျန်ရှိကြောင်း မြို့နယ် ပြည်သူ့ဆေးရုံရှိ တာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိသည်။

မိုင်းပန် (ပြန်/ဆက်)