အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းတွင် နမ့်မော်ဆွမ့် ကျေးရွာအုပ်စု အလကကျောင်း၌ ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား (RDT) Test Kit ဖြင့် ၁၈၉ ဦးကို ကျန်းမာရေးစစ်ဆေးခဲ့ရာ အမျိုးသား ၄ ဦး အမျိုးသမီး ၅ ဦး စုစုပေါင်း ၉ ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ(၅)ဦးနှင့် လွိုင်မြေ ရပ်ကွက်နေ ကိုဗစ်-၁၉ အတည်ပြုလူနာအမျိုးသားတစ်ဦး သေဆုံးခဲ့‌ကြောင်း သိရသည်။
Nov 15,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက မြို့နယ်အတွင်း ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တောင်သူပညာပေး စိုက်ပျိုး ထားရှိသည့် သုတေသနစမ်းသပ်ကွက် သက်လျှင်အထွက် ကောင်းစပါးမျိုးများ စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ တောင်သူ ဒေါ်ထွေးထွေး၏ ကွင်းအမှတ်(၈၉၅) စပါးစိုက်ခင်းတွင် ကျင်းပသည်။
Nov 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် (၁၀၁)နှစ် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ခွက်နင်းပြိုင်ပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ကျင်းပခဲ့သည်။
Nov 15,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ခရိုင်ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ စုပေါင်း မဟာဘုံကထိန် အလှူ တော်ပွဲကို ယနေ့ နံနက် (၉) နာရီ အချိန်က မြင်းခြံမြို့ အမှတ် (၁) ရပ်ကွက် ဇေယျာဓိပတိ ကျောင်းတိုက် တွင် ပြုလုပ်ခဲ့သည်။
Nov 15,2021
(၂၉)ကြိမ်မြောက် ကော့ကရိတ်ခရိုင်/ မြို့နယ်ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ရန်ကုတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
Nov 15,2021
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 15,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်) မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများ ပြည်သူများအား အသိပညာပေးလုပ်ငန်းများအား အွန်လိုင်းမှတစ်ဆင့်သော်လည်းကောင်း၊ ပြည်သူထံသို့ တိုက်ရိုက်သော် လည်းကောင်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ (၂၈) ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်ပြည့် အမျိုးသား အောင်ပွဲနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နံရံကပ် စာစောင်/ စာအုပ် စာစောင်ပြသခြင်းလုပ်ငန်းအား ယနေ့နံနက် ၁၀ နာရီအချိန် က ပန်ဆိုင်ပြည်သူ့စာကြည့်တိုက် တွင် (၁၀၁) နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပြဘုတ်အား ပြသခြင်းနှင့် စာအုပ် စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
Nov 15,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဝက်ဒုံကျေးရွာတောင်သူ ဦးတင်ဝင်း၏ မိုးစပါးရာသီဆင်းသုခစပါးမျိုး၊ မျိုးစေ့ထုတ်စိုက်ခင်းတွင် စံကွက်ရိတ်သိမ်းခြင်း လုပ်ငန်း များ ဆောင်ရွက်ခဲ့ပါသည်။