အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ် အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်းကာ စားသုံးသူရေးရာ အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်သည်။
Nov 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်တွင် နှစ်စဉ်မပျက် တန်ဆောင်မုန်းလ၌ ကျင်းပမြဲဖြစ်သော မြို့လုံးကျွတ်မဟာဘုံကထိန်အား ယခုလက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုအခြေအနေကြောင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရပါသည်။
Nov 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပုတ်လောင်းကျေးရွာအုပ်စု နမ့်ပုံဘုန်းတော်ကြီးကျောင်းအား မြို့နယ် အရန်မီးသတ်တပ်ရင်း (မိသားစု)မှ ကထိန်လျာသင်္ကန်းနှင့် လှူဒါန်း ဖွယ်ရာပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မဟာမြတ်မုနိဘုရားကြီး၌ ကျင်းပခဲ့သည်။
Nov 15,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊​​ မြောင်းမြမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ​ ယမန်နေ့နံနက် ၉ နာရီ က ကံဘဲ့လေးကျေးရွာ သာသနာ့ကာရီ ဘုန်းတော်ကြီးကျောင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Nov 15,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်လှမိုး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက်(၉)နာရီအချိန်က လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ဆိုင်းပွန်(ပလောင်)ကျေးရွာအား သွားရောက်ကာ ဒေသခံတိုင်းရင်းသားတို့၏ ရိုးရာနေအိမ်များ၊ ပလောင်ရိုးရာအထည်များ ရက်လုပ်မည့် ယက္ကန်းစင် အဆောက်အဦးများအား လှည့်လည်ကြည့်ရှုကြပြီး ပလောင် တိုင်းရင်းသား တိုင်းရင်းသူ အဘိုးအဘွားအား ထောက်ပံ့ငွေများ ပေးအပ်၍ ဒေသခံ ပြည်သူ များကို စားစာရာများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ငွေ ကျပ် (၅)သိန်းတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုး၊ ပြည်နယ်ဝန်ကြီးများတို့မှ ပေးအပ်ရာ ပင်လောင်းဒေသခံပြည်သူများက လက်ခံရယူပြီး ဆိုင်းပွန် (ပလောင်)ရွာ ဒေသခံပြည်သူများမှ ဒေသအတွက် ရေရရှိရေးနှင့် ဘုန်းတော်ကြီး ကျောင်း ပြန်လည်ပြုပြင်နိုင်ရေးတို့ကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် ပြောကြားခဲ့ကြောင်းသိရသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလျော့နည်းလာပါက ကမ္ဘာလှည့်ခရီးသွားများနှင့် အများပြည်သူ များမှ ကွန်ဟိန်းမြို့နယ် ဆိုင်းပွန်(ပလောင်)ရွာကို လာရောက်လည်ပတ်၍ ဒေသရိုးရာဝတ်စုံများ၊ ဒေသနေထိုင်မှု အိမ်ပုံစံများကို လေ့လာနိုင်မည် ဖြစ်သည်။
Nov 15,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ စည်ပင်သာယာမြို့မဈေး‌ ဈေးတွင်းဈေးပြင်တွင် ဓာတ်ဆီထားသိုအရောင်းဆိုင်များ၌ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက် ၇နာရီခွဲ၌ အသိပညာပေးကွင်း‌ဆင်းဆောင်ရွက်ခဲ့သည်။
Nov 15,2021
တက္ကသိုလ်/ကောလိပ်/အထက်တန်း/အလယ်တန်း ကျောင်းသား/သူများ ကို‌ဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၅/၂၀၂၁)အား နို၀င်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းစစ်ဦးစီးချုပ်   ဗိုလ်မှူးချုပ် မြတ်သူစိုး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်‌ရောက်သည်။