အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2021
ချမ်းအေးသာစံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ Phase-4 First Dose ထိုးနှံ ပေးခြင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ စုရပ်များတွင် ထိုးနှံပေးလျက်ရှိသည်။
Nov 15,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူအား Sinovac အမျိုးအစား ကိုဗစ် ကာကွယ်ဆေးများကို Phase-3 ဒုတိယအကြိမ်အဖြစ် ယနေ့နံက်ပိုင်းက ဆေးထိုးစုရပ် (၉)နေရာ၌ တစ်ပြိုင်နက်ထဲ စတင်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို မြို့နယ်ကိုဗစ် ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် အဖွဲ့ဝင်များက လည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
Nov 15,2021
တနင်္သာရီတိုင်း ဒေသကြီး၊ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့၊အခြေခံပညာအထက်တန်း ကျောင်းတွင် နှစ်စဉ်ပြုလုပ်လျက်ရှိသော  ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက အ.ထ.က ခမောက်ကြီးကျောင်းမှ ပညာရေးမိသားစုများ စုပေါင်း၍ ပြုလုပ်ခဲ့ ကြသည်။
Nov 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို အဖွဲ့များခွဲ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုခံခဲ့ရသော်လည်း ပြန်လည်ကောင်းမွန်လာ၍ လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်နေသူ ဒေါ်အိအိဖြိုး၏ ရင်တွင်းစကားသံများကို ယခုလို ဖော်ပြလိုက်ရပါသည်။
Nov 15,2021
ကရင်ပြည်နယ် ဘားအံခရိုင်ခရိုင် ပိုင်ကျုံ​မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာ ပေး (Talk Show)ကို ယမန်နေ့ မွန်းလွှဲ ၃ နာရီက ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်သည်။
Nov 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင်  ကိုဗစ်-၁၉ ရောဂါ  ကာကွယ် ထိန်းချုပ် နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်(၃)နေရာဖြစ်သည့် ကျန်းမာရေးဌာန (ပြည်ကြီး မဏ္ဍိုင်)၊ကျေးလက်ကျန်းမာရေးဌာနခွဲ(လေညာ)၊ ကျေးလက်ကျန်းမာရေးဌာနခွဲ(တောင်ငယ်)တို့တွင်ကိုဗစ်-၁၉ ကာကွယ်ဆေးPhase (4) First  Doses အားဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 15,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် "မြန်မာ့တန်‎ဆောင်တိုင်ပွဲနှင့် တန်ဆောင်မုန်းလအကြောင်း သိကောင်းစရာ "အစီအစဉ်ဆွေးနွေးပွဲ (Talk Show) ကို ယနေ့ မွန်းလွဲ (၁)နာရီအချိန် က ကျင်းပပြုလုပ်ခဲ့သည်။
Nov 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပန်းဘဲစုကျေးရွာအုပ်စု၊ပန်းပဲစုကျေးရွာ ကွင်းအမှတ်(၁၁၈) ပန်းဘဲစုအရှေ့ကွင်း၊ ဦးပိုင်အမှတ် (၂၅+၂၆+၂၇+၄၅)၊ စုစုပေါင်း(၃၇.၁၁)ဧကရှိ တောင်သူ ဦးအေးသန်းစိုက်ပျိုးလုပ်ကိုင်သောမြေအတွင်းမှ စိုက်ပျိုးထားသည့် ဒေသစပါးမျိုးပေါ် ဆန်းရင်(သင့်) အဆင့်အတန်းကိုယ်စားပြုစံပြကွက်အား ယနေ့နံနက်၉နာရီခွဲ၌ ခရိုင်/ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီး ဌာနတို့ ပူးပေါင်း၍ မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ကျင်းပခဲ့ကြောင်းသိရှိရသည်။