ကြာအင်းဆိပ်ကြီး နိုဝင်ဘာ ၁၅
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာရခြင်းအကြောင်းနှင့် ပတ်သက်၍ Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပသည်။
အဆိုပါ ဆွေးနွေးပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းကြည် က Talk Show ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ပေးနေမှု ရည်ရွယ်ချက်နှင့် ဆောင်ရွက် ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးမှ ပြည်သူများအနေဖြင့် အမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာမှုအား မိဘပြည်သူများနှင့် လူငယ်၊ လူရွယ်များ သိရှိနိုင်စေရေး အတွက် မေးမြန်းဆွေးနွေးကာ အအခြေခံပညာ အထက်တန်းကျောင်း ကွမ်ကသောင်ကျေးရွာမှ ကျောင်းအုပ် ဆရာမှကြီး ဒေါ်စန်းစန်းလွင်က ပြန်လည်ဆွေးနွေးပြောကြားသည်။
၎င်းအမျိုးသားအောင်ပွဲနေ့အကြောင်းအရာနှင့် ပတ်သက်ပြီး ကျောင်းအုပ်ဆရာမကြီးက ၁၉၂၀ ပြည့်နှစ် က တက္ကသိုလ်ပညာသင်ကြားနိုင်ရေးအတွက် ကန့်သတ်ပိတ်ပင်ခြင်း ခွဲခြားသတ်မှတ်ထား သည့် ဗြိတိသျှတို့၏ ပြဌာန်းထားသော ယူနီဗာစတီအက်ဥပဒေကို ဆန့်ကျင်ဆန္ဒပြ သပိတ်မှောက် ခဲ့ကြပုံ ဗြိတိသျှတို့ပြဌာန်းထားသော ကိုလိုနီပညာရေးတက္ကသိုလ်ဥပဒေအား ဆန့်ကျင်သည့် သပိတ်တိုက် ပွဲဖြစ်ကေါ်လာပုံ ကျောင်းသားများ၏ ရှေ့ဦးလှုပ်ရှားမှုများစသည့် သမိုင်းအကြောင်း အရာများနှင့် အမျိုးသားအောင်ပွဲနေ့ စတင်ပြီးပေါ်ပေါက်လာမှုများအား ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။
မျိုးမင်းဦး