အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ယမန်နေ့ညနေပိုင်း က လယ်နက်ကြီးအုပ်စု၊ နားယကာကျေးရွာ တောင်သူဒေါ်မယ်သန်း၊ ကွင်းအမှတ်(၂၉၇)၊ ဦးပိုင်အမှတ် (၂၄၁/က)၊ စိုက်ဧရိယာ (၃.၀၀) ဧက၊ မိုးစပါးဆင်းဧကရီ (၃) စံပြကွက်တွင် စံကွက်ရိတ်သိမ်းပွဲကို ကျင်းပခဲ့ရာ (၀.၁၀)ဧက စံကွက်ရိတ်သိမ်းရာ(၁)ဧက အစိုထွက်(၁၂၀.၂၅)တင်း ထွက်ရှိကြောင်း သိရသည်။
Nov 15,2021
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၁ ခုနှစ်အတွက် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ထင်းရှူးကျေးရွာ (ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ)၌ ယမန်နေ့ နံနက် ၉ နာရီက တောင်သူ ဦးပန်းတင်၏ လယ်မြေကွင်းအမှတ်-၉၉၆/က၊ ဦးပိုင်အမှတ်-၃၆/ခ/၁၊ ပေါ်ဆန်းရင် စပါးစိုက်ဧက ၄.၅၁ ဧကရှိ စံကွက် ၀.၁၀ ဧကတွင် စုပေါင်းရိတ်သိမ်းပွဲ ကျင်းပကြောင်း သိရသည်။
Nov 15,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းသူ ကျောင်းသားများအနေဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း သိရှိစေရန်၊ အားလပ်ချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်၊ ကိုယ်ပိုင်တီထွင် တတ်သည့်
Nov 15,2021
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲများကျင်းပခဲ့ကြောင်းသိရသည်။
Nov 15,2021
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Nov 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက စာရေးဆရာ ခင်မောင်ညို (ဘောဂဗေဒ) ၏ “ဘဝတစ်လျှောက် အောင်မြင် ပျော်ရွှင်နည်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 15,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ ဧကဒဿမ အကြိမ် စုပေါင်းမဟာဘုံကထိန် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက မြို့ကျက်သရေ ဆောင်လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။