အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာအုပ်စာစောင်မိတ်ဆက်အစီအစဉ်ကို ယနေ့နံနက် (၁၀) နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 15,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ကြီးမှူး၍ ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်စုများ၏ ၂၂ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ အလှူပွဲကို နံနက် ၉ နာရီ ၁၅ အချိန်က မဟာဝိသုတာရာမပရိယတ္တိ စာသင်တိုက်ရွှေဘုံသာကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 15,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၁-ခုနှစ်၊ နိုဝင်ဘာလ (၂၈)နေ့တွင်ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
Nov 15,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးများ ကို ယမန်နေ့ နံနက်(၉)နာရီမှစတင်၍ လူဦးရေ(၃၃၄၅)ဦးတို့ကို စုရပ်နေရာခြောက်ခု တွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Nov 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ယမန်နေ့ နံနက်(၉)နာရီက ထောင်စုံမဟက်ကျေးရွာအုပ်စုရှိ ချောင်းတားစူးကျေးရွာတွင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
Nov 15,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူ တို့သည် ယမန်နေ့ နံနက် (၁၁) နာရီအချိန်က အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ခိုလမ်တပ်နယ်အတွင်း တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် အနားယူအပန်းဖြေနိုင်မည့် ဆောက်လုပ်ပြီး KTV ခန်းမ၊ ကလေးကစားကွင်း ပန်းခြံများနှင့် ခိုလမ်တပ်နယ် ရိက္ခာစိုအသား၊ ငါး၊ ဟင်းသီးဟင်းရွက် ဖြန့်ဖြူးရောင်းချပေးနေမှု၊ ဆိတ်မွေးမြူရေးခြံ၊ နို့စားနွားခြံ၊ အသားစား နွားခြံ၊ အစာစပ်ရုံ ဝက်မွေးမြူရေးခြံ၊ ဥစားကြက်ခြံ၊ ဒေသကြက်မွေးမြူရေးခြံ ကော်ဖီထုတ်စိုက်ခင်း၊ ဌက်ပျော စိုက်ခင်း၊ ခရမ်းသီးစိုက်ခင်း၊ ဒန့်ဒလွန်သီးပင် စိုက်ပျိုးထားမှုနှင့် ဗူးသီးခြံ ဖြစ်ထွန်း အောင်မြင်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေး ကြကြောင်း သိရသည်။
Nov 15,2021
ကရင်ပြည်နယ်ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ဟောင်သရောခန်းမ၌ နိုဝင်ဘာလ ဒုတိယအပတ် အတွင်း၌ တိုက်နယ်ဆရာဝန်ဒေါက်တာမန်းမင်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများက ကျိုက်ဒုံမြို့ပေါ်နှင့် ကျေးရွာများတွင်နေထိုင်သည့် ပြည်သူစတုတ္ထအသုတ်၊ ပထမအကြိမ်အသက် ၁၈ နှစ်နှင့် အထက်၊ပြည်သူ (၃၀၀)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
Nov 15,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာ မှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးတို့အတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ်(၁၂.၄၀)သန်းဖြင့်ပိုင်ကျုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ တောင်ပို့ လမ်းတွင် ကွန်ကရစ်လမ်းလုပ်ငန်း ဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်‌နေ့တွင် စတင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။