အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2021
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေဝါသနာရှင် များ ပူးပေါင်း၍ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့်အမျိုးသား အောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထု အခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ပါသည်။
Nov 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် ယနေ့ နံနက် ၉ နာရီခွဲအချိန်က ၂၀၂၁-၂၀၂၂ ခုနှစ် ၆ လ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း VDP နှင့် AVIP ရေးဆွဲနည်း သင်တန်းကို ဖွင့်လှစ်သည်။
Nov 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် နှစ်ကျိပ်ရှစ်ဆူ ဘုရား ပွဲတော်အား ယခင်နှစ်များတွင် နှစ်စဉ်အစဉ်အလာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကယ်ထိန်းချုပ်နေသည့် ကာလတစ် လျှောက်(၂)နှစ်တိုင် မကျင်းပဖြစ်ခဲ့ရာမှ
Nov 15,2021
ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့နှင့် သံတွဲမြို့များသို့ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးများကို ယနေ့ နံနက်ပိုင်းက တပ်မတော်လေယာဉ်ဖြင့် သယ်ယူရောက်ရှိ လာကြောင်း သိရသည်။
Nov 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ်အထက် ရှိသူများ၊ သတ်မှတ်ဦးစားပေးအုပ်စုများတွင် ပါဝင်သူများကို ယနေ့ နံနက် ၉ နာရီမှစ၍ သခင်ဘသောင်း ရပ်ကွက်ရှိ ဇေယျသုခ ကျောင်းတိုက်ဓမ္မာရုံတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Nov 15,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုလျှော့နည်းစေရေး၊ ရောဂါအမြန် ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေ ရန် ရည်ရွယ်၍ ပထမအသုတ်အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ပိုင်ကျုံမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ “ကျောင်းနေ အရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနနက် ၉ နာရီမှစ၍ ခနောင်တိုအရှေ့ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း (အထက-ခနောင်တို) ခန်းမတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ဒုတိယအကြိမ် စတင် ထိုးနှံပေးလျက်ရှိသည်။
Nov 15,2021
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၁ခုနှစ် စုပေါင်းမဟာဘုံကထိန် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမတွင် ပြုလုပ် ခဲ့သည်။