တွံတေး နို၀င်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် အသက် ၄၅ နှစ်ပြည့်ပြီး သူအျားအား (Phase-4) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ကို သက်ဆိုင်ရာစုရပ် များ အလိုက်နိုဝင်ဘာ ၁၅ ရက်နေ့ နံနက် ၉ နာရီ အချိန်မှစတင်ကာ အောင်ဆန်းသူရိယ အေးချိုခန်း၌ ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၄၅)နှစ်ပြည့်ပြီးသူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံ ရသေးသူများ၊ အစိုးရကျန်းမာရေး ဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတဝန်ထမ်းများ၊ သံဃာတော်များ ၊သီလရှင်များ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ယာဉ်မောင်းဆရာများ၊ ယာဉ်နောက် လိုက်များ၊ ဆိုက်ကားဆရာများ၊ (ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး လုပ်ငန်းမှ ဝန်ထမ်းများ)၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင် သူများ၊ စားသောက်ကုန် ပစ္စည်းရောင်းချသူများ၊ စားသောက်ဆိုင် လ္ဘက်ရည်ဆိုင်ရှိ ဝန်ထမ်းများ၊ ဈေးသည်များနှင့်မသန်စွမ်းများအားထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ်အားကစားခန်းမ အောင်ဆန်းသူရိယ အေးချိုခန်းမတွင် ကျွန်းတော၊အုန်းပင်စု၊ စျေးသစ်၊ ကွမ်းခြံ၊ မင်းပိုင်း၊ ရွှေဆံတော်၊ အိုးဖိုအရှေ့၊ အိုးဘိုအနောက် ရပ်ကွက်များနှင့်ရှမ်းစုကျေးရွာ၊ တလုပ်တ္ထော်ကျေးရွာများမှ အသက် ၄၅ နှစ်ပြည့်ပြီးသူများအား (Phase-4) ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး (SINOPHARM) ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် ပြန်/ ဆက်