အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ဌာနဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြန်ဆန်မှုရှိစေရေး အတွက် ယနေ့နံနက်(၁၀)နာရီက မြို့နယ်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ ကြောင်း သိရသည်။
Nov 23,2021
မကွေးတိုင်းဒေသကြီးတွင် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်တော်များ ချီးမြှင့်အပ်နှင်းပွဲ အခမ်းနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ခဲ့ကြောင်း သိရသည်။
Nov 23,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် အမျိုးသားအောင်ပွဲနှင့် ပတ်သက်သည့် သမိုင်း အကြောင်းအရာများ၊ မှတ်တမ်းဓါတ်ပုံများအား ပြည်သူများ အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်၍ နံရံကပ်စာစောင်ပြသခြင်းနှင့် ဘောလုံးပစ်ပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီ က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 23,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်လက်ကမ်းစာစောင်အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်ကမြို့မဈေးနှင့် မြို့နယ်ဌာနဆိုင်ရာရုံးများတွင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Nov 23,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ ဖုန်ကုန်း ကျေးရွာ အုပ်စုအတွင်းရှိ အသက် (၁၂)နှစ်နှင့် အထက်ကျောင်းသား၊ ကျောင်းသူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ်စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီက ဖုန်ကုန်း ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စုရပ်တွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
Nov 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများကို ယမန်နေ့နေလယ်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Nov 23,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ်၊ ပထမအကြိမ် ထိုးနှံပေးခြင်းကို ‌ယနေ့ နံနက် ၉ နာရီက မင်းလှမြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များ၌ ဆက်လက် ထိုးနှံပေး လျက်ရှိသည်။