အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၅၅)နှစ် အထက် အသက်အရွယ်ရှိ ရဟန်းရှင် လူပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို  မြို့နယ်အတွင်း စုရပ်ငါးနေရာ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ  နိုဝင်ဘာ ၂၂ ရက်နေ့တွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူ ၆၉၂ ဦးရှိပြီး ဆေးထိုးနှံပြီးသူ ၄၃၂၁၄ ဦးရှိကြောင်း သိရသည်။
Nov 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု များကို ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် ပြည်သူများအား အသိပညာပေးခြင်းကို ယနေ့နံနက်က မိုင်းရယ်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်း အသိပညာပေးဆော်ဩမှုများ ပြုလုပ်သည်။
Nov 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် စားသောက်ကုန်များ စျေးနှုန်းတည်ငြိမ်မှု ရှိစေရေးနှင့် ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း မရှိသည့် ကုန်စည်များ ရောင်းချမှု မရှိစေရေးအတွက် ယမန်နေ့ နေ့လည်ပိုင်းက စည်ပင်သာယာမြို့မစျေး အပြင်ဘက်ရှိ မုန့်မျိုးစုံအရောင်းဆိုင်များကို ပူးပေါင်းအဖွဲ့များနှင့် ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 23,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်တွင် အမျိုးသာရေးစိတ်ဓာတ်များ ကိန်းအောင်းလာစေရန်၊ ပြည်သူများ အမျိုးသားအောင်ပွဲနေ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဦးနိုင်လင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ယနေ့နံနက် ၉ နာရီက ဘဏ်ငွေလာရောက် ထုတ်ယူသော ပင်စင်စားပြည်သူများ၊ စျေးရောင်း၊ စျေးဝယ်ပြည်သူများနှင့် လမ်းသွား လမ်းလာ ပြည်သူများအား အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။
Nov 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ချောင်းဖျားကျေးရွာ၊ ရွာဟောင်း ကွင်း၊ ကွင်းအမှတ် (၂၄၈)ရှိ တောင်သူ ဦးယောဟန်၏ စိုက်ဧက (၇.၀၄)ဧကအတွင်းရှိ စိုက်ခင်းအား မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီဌာနက ကြီးမှူး၍ မိုးစပါးစံကွက် ရိတ်သိမ်းပွဲ အခမ်းအနားအား ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Nov 23,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားအငြိမ်းစား ဝန်ထမ်း များအား ပင်စင်လစား များကို ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွန်ချက်နှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Nov 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌   မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)တို့ ပူးပေါင်းဖွင့်လှစ်သည့် ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်းကို နိုဝင်ဘာ ၂၂ ရက်က ယန်းလောကျေးရွာအုပ်စု၊ ဝေါ်ခုတ်ရွာ၊  ဖူလှိုင်ဟိုတယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများ နှင့်အညီ ဖွင့်လှစ်သည်။
Nov 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကူးစက်မှုများ‌နေ့စဉ်တိုးပွားလာလျက်ရှိရာမိဘပြည်သူများအနေဖြင့်စည်းကမ်းနှင့်အညီနေထိုင်သွားလာကြ‌စေရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မိုင်းခတ်မြို့နယ်၊ မြို့ပေါ်ရပ်ကွက်‌တွင် Hand Speakerဖြင့် လှည့်လည်နှိုး‌ဆော်ခဲ့ကြောင်း သိရသည်။