Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုးကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးပထမအကြိမ်ထိုးနှံ
Nov 23,2021
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံ ခြင်းကိုအသက်(၁၈)ပြည့်ပြီး ကိုဗစ်-၁၉ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးရသေးသူများအား မိုးလုံလေလုံခန်းမ၊ချောင်းကြီးကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ကျပ်ပြင်ပတ္တမြားရတနာခန်းမ တို့တွင် နိုဝင်ဘာလ(၁၉)ရက်နေ့မှစတင်ကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပင်စင်လစာငွေများကို ထုတ်ပေးလျက…
Nov 23,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေး
Nov 23,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားဝန်ထမ်းများအား ယမန်နေ့ နံနက်ပိုင်းက စတင်ထုတ်ပေးလျက်ရှိရာ လူစုလူဝေးမ ဖြစ်ပေါ်စေရန်အတွက် ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအားနေ့အလိုက် ခွဲခြားသတ်မှတ်၍ စနစ်တကျ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးတွင် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် (အကြို)စာဖတ်ဝိုင်းကျင်းပ
Nov 23,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရုံးတွင် မြန်မာ သက္ကရာဇ် ၁၃၈၃ခု နှစ် တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်း အားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူငယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉) နာရီ က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကျင်းပ
Nov 23,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လေးမျက်နှာမြို့နယ်တွင် ပြည်သူ(၁၂၈)ဦးအား (ပထမ)အကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး
Nov 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ပြည်သူ(၁၂၈)ဦးအား ယနေ့ နံနက်(၉) နာရီအချိန်မှစ၍ လေးမျက်နှာမြို့နယ် နင်းကြမ်းဆေးထိုးစုရပ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(ပထမ)အကြိမ်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် ကော့ဖမုတ်ကျေးရွာတွင် အခြေခံရှေးဦးသူနာပြုစုခြင်း လက်တွေ့သရုပ်ပြ သင်ကြား လေ့ကျင့်ပေး
Nov 23,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကော့ဖမုတ်ကျေးရွာတွင် ကြက်ခြေနီအသင်းခွဲမှ ဖွင့်လှစ် သင်ကြားပေးသော အခြေခံ ရှေးဦးသူနာပြုစုခြင်း လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်မှ မီးဘေးသင့်အိမ်ထောင်စုဝင်အား ထောက်ပံ့ငွေပေးအပ်
Nov 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ (၇)လမ်း တွင် နိုဝင်ဘာ(၂၀)ရက်နေ့၌ မီးအားမြှင့်စက်အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်၍ နေအိမ် တစ်လုံးမီးလောင်ခဲ့ရာ အဆိုပါ မီးလောင်မှုဖြစ်ပွားသည့် အိမ်ထောင်စုဝင်အား မြို့နယ် ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ နိုဝင်ဘာ(၂၂)ရက်နေ့ညနေ(၄)နာရီ၌ ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24002
Page
24003
Page
24004
Page
24005
Current page
24006
Page
24007
Page
24008
Page
24009
Page
24010
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department