ကျောက်ဆည်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆို်ငရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျောက်ဆည်   နိုဝင်ဘာ   ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ဌာနဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြန်ဆန်မှုရှိစေရေး အတွက် ယနေ့နံနက်(၁၀)နာရီက မြို့နယ်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက မြို့နယ် အတွင်း ဆောင်ရွက်လျှက်ရှိသော ကျန်းမာရေးနှင့်ပတ်သတ်သည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ဆေး ထိုးနှံပေးနေမှုများ၊ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းပြီးစီး မှုအခြေအနေများ၊ မြေယာကိစ္စများ၊ မီးလင်းရေးလုပ်ငန်းများ၊ မြို့ပြသာယာလှပစေရေးနှင့် လုံခြုံရေး လုပ်များ အကြောင်း  ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့်  မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ကြုံတွေ့ခဲ့သည့် လုပ်ငန်းအခက်အခဲများကို ပြန်လည်ရှင်းလင်းတင်ပြဆွေးနွေးကြရာ မြို့နယ်စီမံ အုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းများ အဆင်ပြေစေရေး သက်ဆိုင်ရာဌာနများအချင်းချင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားကြစေရေး ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)