တကောင်းမြို့တွင် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်ပြသခြင်းနှင့် ဘောလုံးပစ်ပြိုင်ပွဲကျင်းပ

တကောင်း       နိုဝင်ဘာ    ၂၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် အမျိုးသားအောင်ပွဲနှင့် ပတ်သက်သည့် သမိုင်း အကြောင်းအရာများ၊ မှတ်တမ်းဓါတ်ပုံများအား ပြည်သူများ အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်၍ နံရံကပ်စာစောင်ပြသခြင်းနှင့် ဘောလုံးပစ်ပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီ က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါနံရံကပ်စာစောင်တွင် အမျိုးသားအောင်ပွဲနေ့ပေါ်ပေါက်လာပုံ၊ အမျိုးသားအောင်ပွဲ နေ့၏ နောက်ခံသမိုင်းကြောင်းများ၊ သမိုင်းဝင်မှတ်တမ်းဓါတ်ပုံများ၊ ဆောင်းပါးများ၊ ဆောင်ပုဒ်များ၊ အမျိုးသားအောင်ပွဲနေ့ဂုဏ်ပြု ကဗျာများအားထည့်သွင်းပြသခဲ့ပြီး ကလေးငယ်မျာအား ကိုယ် ကာယ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ပြည့်မီပိုမိုမြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင် သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ် ဘောလုံးပစ်ပြိုင်ပွဲကျင်းပပေးခြင်းဖြစ်သည်။

ယခုကျင်းပသည့် ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြသော ကလေးငယ်များအား ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြ၍ အခမ်း အနားသို့ တက်ရောက်လာသူများနှင့် ကျောင်းသား/သူများမှ အမျိုးသားနေ့နှင့် ပတ်သက်သည့် နံရံကပ် စာစောင်များအား စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်းသိရသည်။

သီရိအောင် (တကောင်း)