Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကော့မှူးတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် များပြသ
Nov 23,2021
၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ပြသထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)အား ဒုတိယအကြိမ် စတင်ထိုးနှံပေး
Nov 23,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသည့် ကျောင်းသား/သူများနှင့် အသက်(၁၈)နှစ်နှင့်အထက် ဒေသခံပြည်သူများကို ယနေ့နံနက် ၉ နာရီက (ဒုတိယအကြိမ်)အဖြစ် ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ မိုးလုံလေလုံအားကစား ခန်းမ၌ ကျန်းမာရေး ဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက် ရှိကြောင်း ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် လူစည်ကားရာ နေရာများတွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းလက်ကမ်း စာစောင်များ ဖြန့်ဝေ
Nov 23,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သော အမျိုးသား အောင်ပွဲနေ့ ကို ပြည်သူများ တန်ဖိုးထားပြီး သိရှိနိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေသော (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက စည်ပင်သာယာမြို့မစျေး၊ ယာယီပျံကျစျေးနှင့် ပန်းဝတ်မှုံခန်းမတွင် နိုင်ငံတကာအဆင့်မီ အရေးပေါ် အသက်ကယ်သင်တန်းနှင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းကို တက်ရောက်နေကြသော သင်တန်းသား/သူများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့တွင် အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများကို (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Nov 23,2021
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) အမျိုးအစား ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပေါက်ခေါင်း မြို့လယ် လေးမျက်နှာ ဇာတ်ရုံနှင့် အခြားဆေးထိုးစုရပ် နေရာများတွင် ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်ပွဲကျင်းပ
Nov 23,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခု၊(၆)လ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံ အပ်ချုပ်စက် သင်တန်းဖွင့်ပွဲကို ဇေယျာသီရိမြို့နယ်၊ ကျွန်းရောင်းကျေးရွာအုပ်စု၊ လေသာ (တောင်) ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့ လူစည်ကားရာနေရာများ၌ Mask တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုဆောင်ရွက်
Nov 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအား ကာကွယ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်ပြီး စည်ပင်သာယာမြို့မဈေးနှင့် လူစည်ကားရာ နေရာများတွင် Mask တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တမူးမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Nov 23,2021
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင် လစာငွေများကို ယနေ့ နံနက် ၇ နာရီခွဲအချိန်က ဘဏ်ဝန်ထမ်းများက ကိုဗစ်ရောဂါဆိုင်ရာ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ်ကျေးရွာအုပ်စု(၂)အုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Nov 23,2021
ဝါးခယ်မ နိုဝင်ဘာ ၂၃ ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဌာနမှ “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ် နှင့် အညီ နိုဝင်ဘာ၂၂ရက် နေ့နံနက်(၈)နာရီက ကျေးရွာအုပ်စု(၂)အုပ်စုရှိ ပြည်သူများအတွက် အိမ်ထောင်စုလူဦး ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများ အရောက် ကွင်းဆင်းဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24003
Page
24004
Page
24005
Page
24006
Current page
24007
Page
24008
Page
24009
Page
24010
Page
24011
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department