အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယမန်‌နေ့က မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Nov 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီက ၂၀၂၁ ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Nov 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား အောက်တိုဘာလ ၂၂ ရက်နေ့ နံနက်၈နာရီ အချိန်မှ စ၍ထုတ်ပေးလျက်ရှိကြောင်း သိရ သည်။
Nov 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ဆေးထိုးရန် ကျန်ရှိနေသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (SINOVAC) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက သီပေါမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ဆေးထိုးစုရပ်နေရာတွင် ကျန်းမာ ရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခဲ့ ကြောင်း သိရသည်။
Nov 23,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသော (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲ နေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်းနှင့်၁၀၃ လမ်းထောင့်တွင် လမ်းသွားလမ်းလာ ပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။
Nov 23,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လုံးပျဉ် ကျေးရွာအုပ်စု၊ ဘန့်ဘာ ကျေးရွာအုပ်စု၊ နန်းတုတ်ကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာ များတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအား ယနေ့နံနက် (၉) နာရီမှစတင်၍ ဆောင်းပြောင်း ကျေးရွာအ.ထ.က ကျောင်းခန်းမ စုရပ်နေရာ၌ ကွင်းဆင်း၍ ဒုတိယ အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ သိရသည်။