တကောင်းမြို့၊ ဖုန်ကုန်းကျေးရွာအတွင်းရှိ အသက်(၁၂)နှစ်နှင့် အထက်ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်စတင် ထိုးနှံပေး

တကောင်း     နိုဝင်ဘာ        ၂၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ ဖုန်ကုန်း ကျေးရွာ အုပ်စုအတွင်းရှိ အသက် (၁၂)နှစ်နှင့် အထက်ကျောင်းသား၊ ကျောင်းသူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ်စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီက ဖုန်ကုန်း ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စုရပ်တွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ဖုန်ကုန်းအ-ထ-က(ခွဲ)ကျောင်း၊ ညောင်လေးပင် အ-လ-က ကျောင်းများမှ လယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၃၆)ဦးအား ကျန်မာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးကို ထိုးနှံပေးကာ ဆေးထိုး နှံခဲ့ပြီးသော ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံပြီး နောက် ဆက်တွဲပြဿနာ၊ အန္တရာယ်တစ်စုံတရာရှိ၊ မရှိသိရှိနိုင်ရန် နာရီဝက်စောင့်ကြည့်ပြီးမှသာ ပြန်လည်ထွက်ခွာခွင့်ပြု ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊  ကျောင်းသားမိဘများက ပူပေါင်းဆောင်ရွက်ကာ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။

သီရိအောင် (တကောင်း)