အထက်မင်းလှ နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ်၊ ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မင်းလှမြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များ၌ ဆက်လက် ထိုးနှံပေး လျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာ၌ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုးနှံပေးပြီး၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများက ကူညီဆောင်ရွက်လျက်ရှိရာ ဆေးထိုးစုရပ်နေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များအား ကူညီဆောင်ရွက်ပေး လျက်ရှိသည်။
မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ်၊ ပထမအကြိမ် ထိုးနှံပေးခြင်းကို နိုဝင်ဘာ ၁၉ ရက်နေ့က စတင်ထိုးနှံပေးခဲ့ရာ နိုဝင်ဘာ ၂၂ ရက်နေ့အထိ ဆေးထိုးစုရပ်များ၌ ကာကွယ်ဆေး လာရောက်ထိုးနှံသူ ၃၃၅၅ ဦးရှိပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)