အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် မြန်မာ့ စီးပွားရေးဘဏ်၌ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် ၉  နာရီ အချိန်က စတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပုံမှန် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Nov 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မြန် တတိယလှိုင်းမျိုးရိုးဗီဇ ပြောင်းလဲသောရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်ကာကွယ်ရေး နည်းလမ်း များကို  ယနေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍  အသိပေး နှိုးဆော်တိုက်တွန်း ပေးခဲ့ကြောင်း သိရသည်။   
Nov 23,2021
တန့်ဆည်မြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများကို ယနေ့နံနက် ၈ နာရီမှ စတင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
Nov 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာ​ပေးလုပ်ငန်းများ​ဆောင်ရွက်လျက်ရှိရာ  နိုဝင်ဘာလ ၂၂ရက်နေ့ ည​နေ ၄နာရီက  ကချင်စံပြကျေးရွာနှင့် ​ပါ​ယောင်းကျေးရွာတို့၌ Hand Speaker ဖြင့် အသိပေးနှိုးဆော်ခဲ့သည်။
Nov 23,2021
ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယမြို့၊ ယာယီပျံကျဈေးအတွင်း ကျန်းမာရေးနှင့် ညီညွတ်မှု မရှိသည့် ရက်လွန်အေးခဲအသား၊ ငါးနှင့် ဒေသကြက်များရောင်းချမှုမရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်(၇)နာရီက မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း ၍  ရှောင်တခင်စစ်ဆေးခဲ့ကြောင်းသိရသည်။
Nov 23,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း စီစဉ်ကျင်းပသည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ ပညာပေး ဆွေးနွေး ဟောပြောခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့၊ အမှတ်(၂) အခြေခံပညာ မူလတန်းလွန် ကျောင်းနှင့် အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 23,2021
ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်ရှိ ဝါးခင်းကုန်းဓမ္မာရုံ၌ ပြုလုပ်ပေးခဲ့သည်။
Nov 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အတွင်းရှိ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးခြင်းနှင့် (ဒုတိယ အကြိမ်) ထိုးနှံရန်ကျန်ရှိသူများအား ကာကွယ်ဆေးဆက်လက် ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်ခန့်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလိန်အောင်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။