ဒေးဒရဲ နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများကို ယမန်နေ့နေလယ်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးမြမွန်က ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ အနေဖြင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ အကြောင်း သိရှိရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်ရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြှင့်မားလာစေရန်၊ ကိုယ်ပိုင်တီထွင် တတ်သည့် အတွေးအခေါ် များရှိစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်းပြောကြားပြီးနောက် မူလတန်း အဆင့်ကျောင်းသား၊ ကျောင်းသူကလေးများက ခိုတစ်သိုက်ပုံပြင်ပြောခြင်း၊ မြန်မာ စကားပုံဆက် ပြိုင်ပွဲများတွင် ပါဝင်ယှဥ်ပြိုင်ခဲ့ပြီးနောက် တာဝန်ရှိသူများက ဆုရရှိသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အေဇာလင်း