ကြံခင်းမြို့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ကြံခင်း နိုဝင်ဘာ၂၃

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မှ(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်လက်ကမ်းစာစောင်အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်ကမြို့မဈေးနှင့် မြို့နယ်ဌာနဆိုင်ရာရုံးများတွင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင်၂၀၂၁ ခုနှစ်၊(၁၀၁)နှစ်မြောက်  အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက် များ၊ နိုင်ငံသာယာဝပြောဖို့ တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်စို့၊ အမျိုးသားနေ့အောင်ပွဲ၊ အေးအတူပူအမျှ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၁၁-၄-၂၀၂၁) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကား မှကောက်နုတ်ချက်) ပညာရေးဂဏ္ဍသည်အရေးကြီး၊ အမျိုးသားရေး စိတ်ဓာတ်၊ အမျိုးသားပညာရေး၊  မျိုးချစ်စိတ်ဓာတ် ထိန်းသိမ်းအပ် ကိန်းဝပ်ရှင်သန် ဇာတိမာန်၊ ရေနံ့သာမောင်ကျော်ညွန့် (ရေးသား သော)ဘုန်းရှင့်မြန်မာ တို့မြန်မာကဗျာ စတဲ့အကြောင်းအရာများ ပါဝင်ကြောင်းသိရသည်။

ထိုသို့ဖြန့်ဝေပေးခြင်းကို ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်လှိုင်ပို့ပို့ဇင်နှင့် ဝန်ထမ်းများက (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင် စောင်ရေ(၂၇၀)စောင်အားပြည်သုများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)