အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆိုသည့် ဆောင်ပုဒ်ဖြင့် "ပန်းခင်း" စီမံချက်အရ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားအရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေးအတွက် မင်္ဂလာဒုံမြို့နယ်တွင် "ပန်းခင်း" စီမံချက်ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်း နေထိုင်သူများအား ဆောင်ရွက်ပေးခြင်း စသည့် နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
Nov 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် နေ့ထူးနေ့မြတ်များအကြောင်း သိစေရန်နှင့် ဗဟုသုတ ရရှိနိုင်စေရန်အတွက် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်ကို ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ်လမ်းမကြီးရှိ လမ်းသွား/လမ်းလာများ၊ မြို့မစျေးကြီးအတွင်းရှိ စျေးသည်များနှင့် ပြည်သူများအား အခမဲ့ဖြန့်ဝေခဲ့ကြသည်။
Nov 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးတည် အုပ်စုများအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က မိုင်းရယ်မြို့၊ နမ့်ရယ်ခန်းမနှင့် မန်ပုံကျေးလက်ကျန်းမာရေးဌာနခွဲတို့တွင် အသက်(၁၈)နှစ်နှင့် အထက်ရှိသူများအား ကာကွယ် ဆေးများ ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Nov 24,2021
နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ရောက်ရှိမည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် "သတင်းစကား"လက်ကမ်းစာစောင်များကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက အမှတ်(၁)၊အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား   ဖြန့်ဝေပေးခဲ့သည်။
Nov 24,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကို​ဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် ရောဂါကြောင့် သေဆုံးမှုများ လျော့နည်းလာစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဉီးစားပေးအစီအစဉ်အရ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို သတ်မှတ်ထားသော စုရပ်နေရာများတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 24,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင် ကာကွယ်ရေး ပြည်သူများ နေအိမ်မှ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း (Mask Campaign) ကို ယမန်နေ့ နံနက် ၇ နာရီခွဲ အချိန်ခန့်က ဈေးရပ်ကွက် မြို့လယ်ဘုရားလေးလမ်း၌ ပြုလုပ်ခဲ့သည်။
Nov 24,2021
နိုဝင်ဘာ (၂၈) ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေ ဖြန့်ချီသည့် သတင်းစကားလက် ကမ်းစာစောင်များကို အများပြည်သူ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန်နှင့် နိုင်ငံတော်၏ သမိုင်းဝင် နေ့ကြီးရက်ကြီးများအား သိရှိနိုင်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးမှ ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်က ပျဉ်းမနားမြို့အတွင်းရှိ စျေးများ၊ ကားဂိတ်များနှင့် လူစည်ကား ရာနေရာများသို့ အခမဲ့သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Nov 24,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ ညပိုင်းအချိန်က မြို့နယ်အတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။