အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် “ပန်းခင်းစီမံချက်” ဖြင့် ဒါးလက်ကျေးရွာအုပ်စုအတွင်းရှိ တိုင်းရင်းသားပြည်သူ(၃၆၁)ဦးအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို နိုဝင်ဘာလ(၂၁)ရက်နေ့မှ (၂၄)ရက်နေ့ထိ ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
Nov 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်အတွက် SINOPHARM အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အချိန်နှင့် တပြေးညီ ဆက်လက်ထိုးနှံပေးလျက်ရှိ‌ရာ ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင်လည်း အုပ်စုအလိုက် ဒုတိယအသုတ် အကြိမ်ပြည့်အဖြစ် မြို့နယ်ကမ္ဘောဇခန်းမစုရပ်၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
Nov 24,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုခံရပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသည့် ဦးကိုကိုအောင် ယခုလိုဘဲ တွေ့ဆုံမေးမြန်းခဲ့ပါတယ်-
Nov 24,2021
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ ညနေ (၃) နာရီအချိန်က လားရှိုးမြို့ရှိ Women Club အဖွဲ့နှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
Nov 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိသိရှိနိုင်ရန် RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသည့် အသက်(၁၈)နှစ် အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီမှစတင်ကာ အမှတ်(၂)ရပ်ကွက်ရှိ နောင်တုံဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးဝန်ထမ်းများနှင့် တပ်မတော် ဆေး တပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Nov 24,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နေ့လယ် ၃ နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊Community Centre ခန်းမတွင် ကျင်းပခဲ့သည်။