ပျဉ်းမနား နိုဝင်ဘာ ၂၄
နိုဝင်ဘာ (၂၈) ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေ ဖြန့်ချီသည့် သတင်းစကားလက် ကမ်းစာစောင်များကို အများပြည်သူ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန်နှင့် နိုင်ငံတော်၏ သမိုင်းဝင် နေ့ကြီးရက်ကြီးများအား သိရှိနိုင်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးမှ ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်က ပျဉ်းမနားမြို့အတွင်းရှိ စျေးများ၊ ကားဂိတ်များနှင့် လူစည်ကား ရာနေရာများသို့ အခမဲ့သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ အမျိုးသားရေး စိတ်ဓာတ်၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ ကဗျာဆရာ ရေနံ့သာမောင်ကျော်ညွန့်ရေးသားသော “ဘုန်းရှင့် မြန်မာတို့မြန်မာ” ကဗျာ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းတို့ကို အများပြည်သူများ ဗဟုသုတရစေရန်အတွက် စုံလင်စွာထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။
ခန့်ဝင်းကျော်(ပြန်/ဆက်)