တိုက်ကြီးမြို့နယ်တွင် Mask Campaign ဆောင်ရွက်

တိုက်ကြီး နိုဝင်ဘာ       ၂၄

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင် ကာကွယ်ရေး ပြည်သူများ နေအိမ်မှ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း (Mask Campaign) ကို  မန်နေ့ နံနက် ၇ နာရီခွဲ အချိန်ခန့်က ဈေးရပ်ကွက် မြို့လယ်ဘုရားလေးလမ်း၌  ပြုလုပ်ခဲ့သည်။

ထိုသို့ ပြည်သူများ ပါးစပ် / နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေး လုပ်ငန်း (Mask Campaign) ဆောင်ရွက်ရာတွင် ဈေးရပ်ကွက် မြို့လယ်ဘုရားလေးလမ်း တွင် ဖြတ်သန်းသွားလာနေသော ပြည်သူများအား ကို​ဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်မှ ထွက်ခွာတိုင်း မဖြစ်မနေ ပါးစပ် / နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာ ပေးခြင်း၊ တပ်ဆင်ခြင်းမရှိသည့် ပြည်သူများအား Mask များကို အခမဲ့ ဖြန့်ဝေပေး၍ စနစ်တကျ တပ်ဆင်စေ ခြင်းတို့ကို အသိပညာပေးဆောင်ရွက်ခဲ့ပြီးပါးစပ်/ နှာခေါင်းစည်း (Mask) ၁၅၀၀ အား ပြည်သူများထံ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

 အဆိုပါ (Mask Campaign) ကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဌ ဉီးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာန မှ ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမူး ဒေါက်တာ နေမင်းမျိုးထွန်း နှင့် ဝန်ထမ်းများ၊ တိုက်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့များ၊ မြို့နယ် မီးသတ် ဉီးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဝန်ထမ်း များ၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်