တပ်ကုန်းမြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များ  ဖြန့်ဝေ

တပ်ကုန်း    နိုဝင်ဘာ   ၂၄

နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ရောက်ရှိမည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် "သတင်းစကား"လက်ကမ်းစာစောင်များကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက အမှတ်(၁)၊အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား   ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့၊ အေးအတူ ပူအမျှ၊ ပညာရေးကဏ္ဍ သည် အရေးကြီး၊ အမျိုးသားရေးစိတ်ဓာတ်၊ ဘုန်းရှင့်မြန်မာ တို့မြန်မာ၊ ၂၀၂၁ခုနှစ် (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားပညာရေးခေါင်းစဉ်များ ပါဝင်ပြီး၊ "သတင်းစကား" လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်) က အခမဲ့ထုတ်ဝေခဲ့ကြောင်း သိရသည်။

တင်စိုးလွင်