တန့်ယန်း နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် နေ့ထူးနေ့မြတ်များအကြောင်း သိစေရန်နှင့် ဗဟုသုတ ရရှိနိုင်စေရန်အတွက် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်ကို ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ်လမ်းမကြီးရှိ လမ်းသွား/လမ်းလာများ၊ မြို့မစျေးကြီးအတွင်းရှိ စျေးသည်များနှင့် ပြည်သူများအား အခမဲ့ဖြန့်ဝေခဲ့ကြသည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၁-ခုနှစ် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမှာစကားကောက်နှုတ်ချက်များ၊ အမျိုးသားရေးစိတ်၊ မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သော သိကောင်းစရာများ၊ ကဗျာ၊ ဆောင်ပုဒ်များ ပါဝင်ကြောင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းကျော်နှင့် ဝန်ထမ်းများက ဗိုလ်ချုပ်လမ်းမကြီးရှိ လမ်းသွား/လမ်းလာများ နှင့် မြို့မစျေးကြီးအတွင်း စျေးသည်များနှင့် ပြည်သူများအား အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)