အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန့်ဟီးရိုးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ဦးစီးထုတ်ဝေသော (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ နေ့လယ်ပိုင်းတွင် အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်များတွင် အခမဲ့ ဖြန့်ဝေ ခဲ့ကြောင်းသိရသည်။
Nov 25,2021
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
Nov 25,2021
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယမန်နေ့ မွန်းတည့် (၁၂) နာရီက (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်း (အထက်ဆင့်) ကဗျာရွတ်ပြိုင်ပွဲ ကျင်းပသည်။
Nov 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊ မိုင်းငေါ့မြို့တွင် (၁၀၁) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များကို ယနေ့ နံနက်ပိုင်းက ပြန်းကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများ၊ ပြည်သူလူထုများအား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
Nov 24,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဝမ်ဇလီလော်) ကျောင်းတွင် သီတင်းသုံးတော်မူသော ရဟန်းသာမဏေ ၁၇ ပါးတို့အား မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့က ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
Nov 24,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား အသိပညာပေး လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ (၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ် မြောက်အမျိုးသားအောင်ပွဲနေ့ အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေဖြန့်ချိသည့် သတင်းစကား လက်ကမ်းစာစောင်များအား အများပြည်သူများထံသို့ အချိန်မီသိရှိနိုင်စေရန်နှင့် နိုင်ငံတော်၏ သမိုင်း၀င်နေ့ကြီး ရက်ကြီးများအား သိရှိနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် ၁၀ နာရီ အချိန်က ပင်လောင်းမြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြည်သူများ လက်၀ယ်သို့ သွားရောက် ဝေငှပေးခဲ့သည်။
Nov 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့တွင်  ၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက် အမျိုသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာ​စောင်များကို  ယနေ့ နံနက်ပိုင်းက  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အခြေခံပညာ အထက်တန် းကျောင်းနှင့် မြို့တွင်း  အခမဲ့ ဖြန့်ဝေပေးခဲ့သည်။