အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့က မကြာမီ ကျရောက်မည့် ၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစောင်/စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 24,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများအား နိုင်ငံသားအရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေး ကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေး အတွက် ယနေ့နံနက် ၈ နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ် လဝက ဦးစီမှူး ဦးရဲထွန်းနှင့် ဝန်ထမ်းများက သုဝဏ္ဏ (၂၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Nov 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် မထိုးနှံရသေးသည့် အသက်(၄၅)နှစ်အထက် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်အတွင်း စုရပ်နှစ်နေရာ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ ယနေ့ ရတနာမြေဓမ္မာရုံ၊ ရေနံသာလမ်း၊ သုဝဏ္ဏ ၂၄ ရပ်ကွက်တွင် ဒုတိယအကြိမ် ကာကွယ် ဆေးလာရောက် ထိုးနှံကြသူ ကျား ၁၂၀ ၊ မ ၂၀၀ ဦး စုစုပေါင်း ၃၂၀ ဦးရှိ ကြောင်းသိရသည်။
Nov 24,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါအား ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက်  ယမန်နေ့ နံနက်ပိုင်းက မြို့မစျေး၊ စျေးရှေ့နှင့် လမ်းဆုံကားဂိတ် နှင့် လှည်းဆိပ်စံပြကျေးရွာတို့တွင် မြို့နယ်တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ နှာခေါင်းစည်း မတပ်ဆင်ထားသူ များအား နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာရေး လှုပ်ရှားဆောင်ရွက်မှု (Mask Campaign) နှင့် ရောဂါကြိုတင်ကာကွယ်ရေး အကြောင်းအရာများကို အများပြည်သူများသိရှိလိုက်နာ ဆောင်ရွက်စေရေးတို့အတွက် ရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။    
Nov 24,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ညနေ ၃ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 24,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၏ ပြည်သူ့အတွက် ပန်းခင်းစီမံချက် ဗီနိုင်းပိုစတာနှင့် “လူမှုဘ၀ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ပိုစတာများကို ယနေ့နံနက်ပိုင်းက သင်္ဃန်းကျွန်း မြို့နယ်လ.၀.က ဦးစီးမှူး ဦးရဲထွန်းနှင့် ၀န်ထမ်းများက လူစည်ကားရာနေရာများ ဖြစ်သည့် ပြည်ထောင်စုပန်းခြံတွင် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် ဗီနိုင်းပိုစတာများကို လိုက်လံစိုက်ထူခဲ့ကြောင်း သိရသည်။
Nov 24,2021
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ယနေ့နံနက် ၁၀ နာရီ က ပြန်/ဆက်ခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်းများက သွာရောက်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။