မိုင်းရယ်မြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံ

မိုင်းရယ် နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးတည် အုပ်စုများအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က မိုင်းရယ်မြို့၊ နမ့်ရယ်ခန်းမနှင့် မန်ပုံကျေးလက်ကျန်းမာရေးဌာနခွဲတို့တွင် အသက်(၁၈)နှစ်နှင့် အထက်ရှိသူများအား ကာကွယ် ဆေးများ ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ဉီးတည်အုပ်စုများအလိုက် အသက်(၁၈)နှစ်အထက် ဒုတိယ အသုတ် ဒုတိယအကြိမ် ထိုးနှံသူ (၅၄)ဦး၊ တတိယအသုတ် ဒုတိယအကြိမ် ထိုးနှံသူ(၁၁၁)ဦး နှင့် စတုတ္ထအသုတ် ပထမအကြိမ် ထိုးနှံသူ (၁၄၅)ဦး စုစုပေါင်း (၃၁၀)ဦးကို ထိုးနှံပေးနိုင်ခဲ့ကြောင်း နှင့် ဆေးထိုးနှံရန်ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ကျော်ဇင်ထိုက်