အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လူငယ်ထုများအကြား စာဖတ်သည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများအကြား ချစ်ခင်ရင်းနှီးမှု ပိုမိုတိုးတက်ရရှိစေရေး ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။
Nov 24,2021
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန(Red Ready) စီမံချက်မှ ဆောင်ရွက်မည့် “စေတနာလုပ်အားရှင် စီမံခန့်ခွဲမှုသင်တန်း”ဖွင့်ပွဲကို ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
Nov 24,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် စာဆိုတော်နေ့ အထိမ်းအမှတ်အကြို ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့ သည်။
Nov 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ဟိုပန်ကျေးရွာအုပ်စု၌ မိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို ယနေ့ နံနက်(၁၀) နာရီအချိန်ခန့်က ဝမ်ဆတ်ကျေးရွာရှိ လယ်ကွင်းအမှတ်(၁၂) ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Nov 24,2021
သထုံခရိုင်၊ ဘီးလင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centerခန်းမ ၌ ယနေ့ မွန်းလွဲ ၁ နာရီက (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အသိပညာ ပေးဟော ပြောပွဲနှင့်စာအုပ်ပြပွဲ ကို ပြုလုပ်ခဲ့သည်။
Nov 24,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး ပြည်သူ့ စာကြည့်တိုက်တွင် (၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲနှင့် စာအုပ် စာစောင်ခင်း ကျင်းပြသပွဲအား ယနေ့နေ့လယ် ၂ နာရီအချိန်က မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပဆောင်ရွက်သည်။
Nov 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အတွက်  ကြိုတင် ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှု များအား အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်၁၀ နာရီက ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
Nov 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးနှိုးဆော်ချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်နိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၂၄ ရက်မွန်းလွဲ ၁ နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများက  မြို့ပေါ်ရပ်ကွက်များသို့ မြန်မာ-ပိုးကရင်ဘာသာ စကားနှစ်မျိုးဖြင့် လှည့်လည်အသိပညာပေး နှိုး ဆော်ကြေညာ ခဲ့ကြောင်းသိရသည်။