အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၁)နှစ် မြောက် အမျိုးသား အောင်ပွဲနေ့ဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၁) နာရီက အဆိုပါ မြို့နယ်ရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 24,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် အတွက်၊ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် ၅၅ နှစ်နှင့် အထက် ပြည်သူများအား ဒုတိယ အကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက်၄၀နှစ်နှင့်အထက် ပြည်သူများအား ပထမ အကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရ လမ်းရှိ မင်္ဂလာစျေးဓမ္မာရုံနှင့် အလုပ်သမား ဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိသည်။
Nov 24,2021
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေး ဦးစီးဌာနက ထုတ်​ဝေသည့် (၁၀၁)နှစ်​မြောက် အမျိုးသား​အောင်ပွဲ​နေ့ သတင်းစကား လက်ကမ်းစာ​စောင်များကို ယ​​နေ့နံနက် ၁၀:၀၀နာရီအချိန်က​ ကျောင်းသား​ကျောင်းသူများ၊ ရပ်ကွက်​နေ ပြည်သူများနှင့် ဌာနဆိုင်ရာများသို့ သွား​ရောက် ဖြန့်​​ဝေခဲ့သည်။
Nov 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ (အကြို) အထိမ်းအမှတ်အဖြစ် အသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ်ကို ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ယနေ့ မွန်းလွဲ(၁)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ဆက်လက်ထိုးနှံပေးခြင်းကို ပလောက်မြို့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်ခန့်တွင် ပြည်ခြား ကျေးရွာ၊ ခရစ်ယာန် ဘုရားကျောင်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် နွမ်းပါးသူဖေးမကူ ဆန်အလှူများ လှူဒါန်းပေးခြင်းကို အာရောဂျတံခွန် ကုသိုလ်ဖြစ် မျက်စိဆေးရုံ ဦးဆောင်ဆရာတော် ဘဒ္ဒန္တခေမာစာရဒွိပိဋကဓရ (ပိဋကတ်နှစ်ပုံဆောင်)၊ နာယက ဆရာတော်များ၊ အလှူရှင်များ စုပေါင်း၍ ရပ်ကွက်များအတွင်းရှိ နွမ်းပါးသူများအား တစ်အိမ်ထောင်လျှင် ဆန်သုံးပြည်နှုန်းကို လှူဒါန်းနိုင်ရေးအတွက် ကူပွန်များကို ဆရာတော်များ ဦးဆောင်ပြီး TRI ဝေခဲ့ပြီး ၂၃.၁၁.၂၀၂၁ရက်နေ့တွင် လှေကျင်းရပ်ကွက်ရှိ နွမ်းပါး အိမ်ထောင်စု (၂၀၀)ကျော်ကိုလည်းကောင်း ၂၄.၁၁.၂၀၂၁ ရက်နေ့တွင် မြသိန်းတန်ရပ်ကွက်၊ ရွာလယ်ရပ်ကွက်၊ ဆေးရုံရပ်ကွက်ရှိ နွမ်းပါးအိမ်ထောင်စု (၂၅၀)ကျော်အားလည်းကောင်း မင်းပိုင်းရပ်ကွက်ရှိ ကွမ်းခြံကုန်းကျောင်းတိုက်တွင် လှူဒါန်းပေးခဲ့ပြီး ကျန်ရှိသော ရပ်ကွက်အတွင်းရှိ နွမ်းပါးအိမ်ထောင်စုများကိုလည်း ဆက်လက်လှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Nov 24,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့တွင် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်ထက် မြက်စေရေးအတွက် ရည်ရွယ်၍ ဦးစီးဌာနရုံးချုပ်မှ ထုတ်ဝေသော ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့ တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်ကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။