အမ်းမြို့နယ်၌ တိုင်းရင်းသားပြည်သူ(၃၆၁)ဦးအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် မှတ်ပုံတင်ရရှိကိုင်ဆောင်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

အမ်း   နိုဝင်ဘာလ ၂၄  ရက်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် “ပန်းခင်းစီမံချက်” ဖြင့် ဒါးလက်ကျေးရွာအုပ်စုအတွင်းရှိ တိုင်းရင်းသားပြည်သူ(၃၆၁)ဦးအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို နိုဝင်ဘာလ(၂၁)ရက်နေ့မှ (၂၄)ရက်နေ့ထိ ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများက ဒါးလက်ကျေးရွာအုပ်စုရှိ အလယ်ကျွန်း၊ အနောက်ရွာ၊ တောင်ရွာ၊ အထက်ရွာဟောင်း၊ ဇရပ်ကွင်း၊ ကွမ်းဝ၊ လိပ်ကုန်း၊ ပျဉ်းကုန်းကျေးရွာများသို့ သွားရောက်၍ ချင်းတိုင်းရင်းသား၊ ရခိုင်တိုင်းရင်းသား အသက်(၁၈)နှစ် အောက် ကျား ၃၃ ဦး၊ မ ၂၄ ဦးနှင့် အသက် ၁၈ နှစ်အထက် ကျား ၈၃ ဦး၊ မ ၂၂၁ ဦး၊ စုစုပေါင်း (၃၆၁)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း မွေးတိုး/သေဆုံး/ ပယ်ပျက်/မိတ္တူ (၄၉)စောင်အား ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများသည် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပြည်သူအားလုံး အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိကိုင်ဆောင်နိုင်ရေးအတွက် “ပန်းခင်းစီမံချက်” ဖြင့် တိုင်းရင်းသားပြည်သူများသိရှိစေရန် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

စိုးမင်းထွန်း

မြို့နယ် (ပြန်/ဆက်)