မိုင်းခုတ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်

မိုင်းခုတ် နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အမှတ်()ရပ်ကွက်ရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိသိရှိနိုင်ရန် RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသည့် အသက်(၁၈)နှစ် အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီမှစတင်ကာ  အမှတ်()ရပ်ကွက်ရှိ နောင်တုံဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးဝန်ထမ်းများနှင့် တပ်မတော် ဆေး တပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ နေ့လယ်(၁၂)နာရီခွဲအထိ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိသိရှိနိုင်ရန် RDT Test Kit ဖြင့်လာရောက်စစ်ဆေးသူ ဒေသခံပြည်သူ(၆၇)ဉီးအနက် ()ဉီးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလုံးဝမထိုးနှံရသေးသည့် ပြည်သူ (၅၇)ဉီးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ပထမကြိမ်ထိုးနှံပေးခဲ့ရာ အမှတ်() ရပ်ကွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လမ်းဦးစီးဌာနမှ SAE ဦးဇံဟိန်းဆွေနှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိသူများအား ညနေပိုင်းတွင် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိသိရှိနိုင်ရန် RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းနှင့် အကြောင်း အမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလုံးဝမထိုးနှံရသေးသည့် အသက်(၁၈)နှစ်အထက် ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမကြိမ် ထိုးနှံပေးခြင်းကို မိုင်းခုတ်မြို့အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများသို့ သတ်မှတ်ရက်အလိုက် ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေမှ လျော့ကျရပ်တန့်သွားစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြည်သူများလိုက်နာ နေထိုင်စေရေး ထိရောက်သော ကြပ်မတ်ထိန်းချုပ်မှုပြုနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကြီးကြပ်ရေးအဖွဲ့များအား ဖွဲ့စည်းတာဝန်ပေးအပ်ထားကြောင်း သိရသည်။

မြို့ပြန်/ဆက်