ရန်ကင်း နိုဝင်ဘာ ၂၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နေ့လယ် ၃ နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
ထိုသို့ကျင်းပရာတွင် မြို့နယ်ဦးစီးမှူး ဒေါ်လှလှထွေးက ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်ပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ် ခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူ များအား သတ်မှတ် စည်းကမ်းချက်များနှင့် ယှဉ်ပြိုင်စေခဲ့ကြောင်း သိရသည်။
ထို့နောက် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည့် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ပထမ၊ ဒုတိယနှင့်တတိယဆုများ ရွေးချယ်ချီးမြှင့်ပေးခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်သူ ကလေးငယ်များအားလုံးအား အမှတ်တရ ဗလာစာအုပ်နှင့် ခဲတံများပေးအပ်ခဲ့ကြောင်း သိရသည်။
လှလှထွေး