အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့မစျေးအတွင်း ယနေ့နံနက်၈နာရီအချိန်က မြို့မစျေး မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မီးသတ်ရေပိုက်များ၊ မီးသတ်ရေငုတ်များ၊ ရေကန်များ၊ မီးချိတ်/မီးကပ်များထားရှိမှု၊ ဆိုင်ခန်းများတွင် မီးသတ်ဆေးဗူးများ တပ်ဆင် ထားရှိမှုနှင့်ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်း ဦးဆောင်ကာ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ၊မြို့နယ် လျှပ်စစ်နှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့မှစစ်ဆေးကြည့်ရှုခဲ့ကြသည်။
Nov 25,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအတွက်၊ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျှက်ရှိရာ၊ ယနေ့ နံနက် (၉) နာရီက (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲအကြို ထုတ်ဝေသည့် သတင်းစကားလက်ကမ်း စာစောင်များကို မြို့ပေါ်ရပ်ကွက် နေပြည်သူများနှင့် ကျောင်းသားကျောင်းသူများထံ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Nov 25,2021
ရှမ်းပြည်နယ်( တောင်ပိုင်း )၊ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ရုံး လူထု အခြေပြုဗဟိုဌာန (Community center) ခန်းမတွင် (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အကြောင်းသိကောင်းစရာခေါင်းစဉ်ဖြင့် ပြည်သူများအသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ကြောင်း သိရသည်။
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ မြို့ပေါ်အခြေခံပညာကျောင်းများ၊ လူစည်ကားရာနေရာများတွင် ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်အား ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမ ဆေးထိုးစုရပ်၌ နိုဝင်ဘာ လ ၂၅ ရက်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပဉ္စမအကျော့) (ပထမအကြိမ်) လူဦးရေ(၂၀၀)ဦးကို ဦးစားပေး ဦးတည်အုပ်စုများအလိုက် ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Nov 25,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝါမျိုးသန့် မျိုးစေ့ စိုက်ပျိုးထုတ်လုပ်နည်း လက်တွေ့ဆင့်ပွားသင်တန်း ကိုယမန်နေ့က မလှိုင်မြို့နယ် သပြေပင်ကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။