အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2021
ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးနှင့် အယူအဆများ ထက်မြက်လာစေရန်၊ မှတ်ဉာဏ် စွမ်းအား တိုးတက်ကောင်း မွန်လာစေရန်၊ စာပေနှင့် ရင်းနှီးပြီး စာဖတ်ဝါသနာပါလာစေရန်နှင့် ပြောရဲဆိုရဲ သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး နိုဝင်ဘာ (၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုံပြင်ပြောနှင့် စာဖတ် စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နေ့လယ် (၁၂) နာရီခွဲအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ သည်။
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထာင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာဦးနှင့် ဝန်ထမ်းများက နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များအား ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများသို့ သွားရောက်ဖြန့်ဝေပေးခဲ့သည်။
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း ငါးသယံဇာတများ တိုးပွားပြီး ရေရှည်စဉ်ဆက်မပြတ် တည်တံ့စေရန်နှင့် ငါးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှု၊ ခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ယနေ့ နံနက် ၉နာရီက သဘာဝ ရေပြင်ဖြစ်သော ဆုံကုန်းကျေးရွာအုပ်စုရှိ ငဝန်မြစ်အတွင်းသို့ ငါးမြစ်ချင်း၂ လက်မအောက်ခံ ကောင်ရေ ( ၁ )သိန်း( ၅ ) သောင်းအား မျိုးစိုက်ပေးခဲ့ကြောင်း သိရသည်။
Nov 25,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ အမှတ် (၆)ရပ်ကွက် မွေးမြူရေးဇုံရှိ အောက်ဆီဂျင်စက်ရုံ အဝင်လမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၈)နာရီအချိန်က အဆိုပါ အောက်ဆီဂျင်စက်ရုံ အဝင်လမ်း၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်နှင့် ဝန်ကြီးများက တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Nov 25,2021
ကျေးလက်နေ အိမ်ထောင်စုများ၏ အလုပ်အကိုင်နှင့် ဝင်ငွေရရှိရေး၊ လူမှုဘဝနှင့် စားနပ်ရိက္ခာဖူလုံမှုတို့ကို တိုးမြှင့်ပေးနိုင်ရေးနှင့် မျှစ်စိုက်ပျိုး ထုတ်လုပ်မှု တန်ဘိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်လာရေးကို ရည်ရွယ်လျက် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့်ဒေသများရှိ ကျေးလက်နေ အိမ်ထောင်စုများအကြား ထိရောက်သည့် အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ စတုတ္ထအကြိမ်မှု အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် မျှစ်စိုက်ပျိုးထုတ်လုပ်ရေး တန်ဘိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံ၍ ကျေးလက်နေအိမ်ထောင်စုများ၏ လူမှုဘဝဝင်ငွေရရှိနိုင်မှုမြှင့် တင်ပေးနိုင်ရေးဆိုင်ရာ စီမံကိန်း" စတင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော်ရှိ Horizon Lake View Resort ၌ ကျင်းပသည်။
Nov 25,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ (၁၀၁)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား  လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက် များ၌ ဖြန့်ဝေခဲ့သည်။
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ကျောင်းကုန်းမြို့နယ်၊ ကျုံတာအုပ်စု၊ ကျုံတာကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ ကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။