အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ (ပြန်/ဆက်) ဝန်ထမ်းများက ယနေ့ နေ့လယ် ၁၂ နာရီကတန်ဆောင်မုန်းလဆုတ်(၁၀)ရက်နေ့တွင်  ပေါ်ပေါက်ခဲ့သည့် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေ သည့်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် များကို (အ.ထ.က)ကျိုက်ဒုံ ကျောင်းသားကျောင်းသူထံ ဖြန့်ဝေဆောင်ရွက်ပေးခဲ့သည်။
Nov 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်  ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မှ(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်ကမြို့မဈေးနှင့် မြို့နယ်ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Nov 25,2021
ရန်ကုန်တိုင်းသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဝန်ထမ်း များက ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်နှင့်ရပ်ကွက်များသို့ အခမဲ့လိုက်လံ ဖြန့်ဝေပေးခဲ့သည်။
Nov 25,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမ‌မောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် စာပေချစ် မြတ်နိုးသူများ စာပေဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို ရိုက်ကူးတင်ဆက် ဆောင်ရွက်ပေးလျက်ရှိသည်။
Nov 25,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်နှင့် ၀န်ထမ်းများက ယနေ့ နံနက်(၁၀)နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် အစ်အစ်ကျေးရွာ အ-ထ-က စာသင် ကျောင်း၌ နိုင်ငံသားကပ်ပြားနှင့် အိမ်ထောင်စုစာရင်းများကိုပြုလုပ် ဆောင်ရွက်ပေးခဲ့သည်။
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အသက်၁၈နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို  ယနေ့နံနက် ၉နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးစုရပ်(၆)ခုတွင် ထိုးနှံပေးလျက်ရှိသည်။
Nov 25,2021
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မျုမရှိစေရေးနှင့် ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးနိုင်ရေးအတွက်  မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုနှင့်အတူ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ  ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ယနေ့ နံနက်(၁၀)နာရီက အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိူးဆော်ကြောင်းသိရသည်။