အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် (၁၀၁)နှစ်မြောက် အမျိုသားအောင်ပွဲနေ့ အထိမ်းအမှတ် "သတင်းစကား " လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
Nov 25,2021
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို နိုဝင်ဘာ၂၁ရက်မှစတင်ထုတ်ပေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင်လည်း ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက်ရှိသည်။
Nov 25,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ် မြတ်နိုးသူများ စာပေဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီ အစဉ်များကို ရိုက်ကူး တင်ဆက် ဆောင်ရွက်ပေးလျက်ရှိသည်။
Nov 25,2021
ပဲခူးတိုင်းတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ Community Centre ခန်းမတွင် (၁၀၁) နှစ်မြောက် အမျိုသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 25,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား ယနေ့ နံနက်(၁၁)နာရီ အချိန်က ကျွန်းစုမြို့၊ အမှတ်(၁)ရပ်ကွက်၌ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
Nov 25,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် (၁၅.၉.၂၀၂၁)ရက်နေ့ အထိ ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးဧကများအတွက် ဓာတ်မြေဩဇာအိတ်များ ထောက်ပံ့ပေး အပ်ခြင်းကို နိုဝင်ဘာ ၂၅ ရက် ၊ ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပသည်။
Nov 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်း‌ခေးခရိုင်၊ မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အတွက် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ လမ်းဆုံနေရာများတွင် လက်ကိုင် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။