မလှိုင်မြို့နယ်၌ ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မျိုးစေ့ထုတ်လုပ်နည်းပညာ သင်တန်းပို့ချ

မလှိုင်  နိုဝင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝါမျိုးသန့် မျိုးစေ့ စိုက်ပျိုး ထုတ်လုပ်နည်း လက်တွေ့ဆင့်ပွားသင်တန်း ကိုယမန်နေ့က မလှိုင်မြို့နယ် သပြေပင်ကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယ တိုင်းဒေသကြီးဦးစီမှူး ဦးစိုင်းသန်းအောင် က အဖွင့် အမှာ စကားပြောကြားရာတွင် ဝါ အရည်အသွေးကောင်းထုတ်လုပ်နိုင်မှ ဈေးကောင်းရရှိနိုင်မည်ဖြစ်ကြောင်း ၊တောင် သူ တစ်ဦးချင်း တစ်ပိုင် တစ်နိုင် မျိုးစေ့ထုတ် လုပ်ငန်းကို ဌာန၊ တောင်သူ၊ လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ကြ စေလိုကြောင်း၊ မိမိအတွက်သာမက အခြား သောတောင်သူများအတွက်ပါ ပံပိုးပေးနိုင်ရန် ခံယူချက်ထား၍ မျိုးစေ့ ထုတ်လုပ်ငန်း ဆောင်ရွက်ကြစေလိုကြောင်းပြောကြား ပြီး မိတ္ထီလာ ခရိုင်စိုက်ပျိုးရေး ဦးစီးမှူးဦးဌေးနိုင်က ဝါမျိုးသန့် မျိုးစေ့ စိုက်ပျိုးထုတ်လုပ်နည်း လက်တွေ့ဆင့်ပွားသင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ် ချက်ကို ရှင်းလင်းပြောကြား ခဲ့ သည်။

ထို့နောက် သင်တန်းကို ဆက်လက် ပို့ချခဲ့ရာ  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊    မြို့နယ် ဦးစီးမှူး ဦးစန်းယု၊ လက်ထောက်ဦးစီးမှူး ဒေါ်စုနွယ်လှိုင်နှင့် ဒုတိယလက်ထောက်ဦးစီးမှူး ဦးသိန်းထွန်းတို့မှ သက်ဆိုင်ရာ  ကဏ္ဍ အလိုက် ဆွေးနွေး ပို့ချ  ခဲ့ကြကြောင်းသိရသည်။  အဆိုပါသင်တန်းသို့ သပြေပင် ကျေးရွာနှင့် ဆည်ကြီးကျေးရွာမှ ဝါ စိုက်တောင်သူများ နှင့် စိုက်ပျိုးရေးဝန်ထမ်းများ အါဝင်(၃၉)ဦး တက်ရောက်ခဲ့ကြသည်။   

မလှိုင်မြို့နယ်တွင် သပြေပင်ကျေးရွာနှင့် ဆည်ကြီးကျေးရွာတို့တွင် တောင်သူ(၅၉)ဦး တို့က ရွှေတောင်(၁ဝ) ဝါ မျိုးစေ့ထုတ်ဧက  ( ၁၅ဝ) နှင့် ဝါ အထူးဇုံ (၁၅၄)  ဧက ၊ စုစုပေါင်း( ၃ဝ၄)ဧကကို  စိုက်ပျိုးထားကြောင်း  သိရသည်။ အဆိုပါ စိုက်ပျိုးထုတ်လုပ်ထားသည့်    ဧကများမှ ဝါမျိုးသန့် မျိုးစေ့များရရှိ စေခြင်းဖြင့် မြို့နယ်အတွင်း ဝါစိုက်ဧကများအတွက် အရည်အသွေးမြင့်သည့်ဝါများ  ရရှိနိုင်ပြီး အထွက်နှုန်း ကောင်းကာ ဈေးကောင်း ရရှိစေခြင်း ဖြင့်တောင်သူ များဝင်ငွေတိုးတက်လာစေပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးလာမည်ဖြစ်ပေသည် ။

အောင်ဌေး(မလှိုင်)