Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ခိုလမ်မြို့မစျေးအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးဆောင်ရွက်
Nov 25,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ ခိုလမ်မြို့ ၊ မြို့မစျေးရှိ စားသောက်ဆိုင်များ ၊ ကုန်စုံဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင် ကာကွယ် ရေး အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက် (၉) နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် ကွန်ပျူတာစာရင်း ရေးသွင်းနိုင်ရေး ဆွေးနွေးပွဲကျင်းပ
Nov 25,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် နောင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ ဆွေးနွေးပွဲကို ယမန်နေ့ မွန်လွဲ ၃ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ ပတ္တမြားအစည်းအဝေး ခန်းမဆောင်၌ ကျင်းပပြုလုပ် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ ( ၁၅ )ဦးကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ထပ်မံဆင်းခွင့်ပြု
Nov 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ကျေးသီးမြို့နယ် တိုင်းရင်းဆေးရုံ သီးသန့်ဆောင်တွင် ထားရှိကုသပေးလျက်ရှိသည့် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ (၁၅ )ဦးမှာ ကျန်းမာရေးပြန်လည် ကောင်းမွန်လာသည့် အတွက် နိုဝင်ဘာလ ၂၄ ရက်နေ့က ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ မြို့နယ်ဖွံဖြိုးတိုးတက်ရေးအတွက် ကွန်ကရစ်လမ်း ခြောက်ခု၊ ကျောက်စီရေမြောင်း နှစ်ခု၊ ကွန်ကရစ်တံတား သုံးစင်းနှင့် ဂ…
Nov 25,2021
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ မြို့နယ်သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွန်ကရစ်လမ်းခြောက်ခု၊ ကျောက်စီရေမြောင်းနှစ်ခု၊ ကွန်ကရစ်တံတား သုံးစင်းနှင့် ဂါလံ (၁၅၀၀၀) ဆံ့ ရေကန်တစ်ကန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နမ္မတူမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံ
Nov 25,2021
တမူးခရိုင်၊ မြို့သစ်မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်းဝေးခန်းမနှင့် အခြေခံပညာ အထက်တန်းကျောင်းတို့၌ ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ မြို့နယ်အတွင်းရှိ သံဃာတော်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုး၊ ဘာသာမရွေး အသက် (၄၅)နှစ်အထက်နှင့် (၁၈)နှစ်အထက်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသားများ၊ နာတာရှည် ရောဂါအခံရှိသူများနှင့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ဦးတည်အုပ်စုများ သတ်မှတ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရှူးမြို့နယ်၌ နိုဝင်ဘာ၂၄ရက်နေ့တွင် ကိုဗစ်အတည်ပြုလူနာနှင့် သေဆုံးသူမရှိ၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ (၆)ဦးရှိ
Nov 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံမှ(၉)ဦး ၊ လွိုင်ဆောင်ထောက် ဆေးရုံမှ(၂၀) ဦး ၊ပေါင်း (၂၉) ဦးကို ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာမရှိကြောင်းသိရပြီး မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံမှ ပြန်လည်ကျန်းမာလာသူ အမျိုးသားနှင့်အမျိုးသမီး (၃) ဦးစီရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ် ပြည်သူ့စာကြည်တိုက်၌ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပပြုလုပ်
Nov 25,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့် တိုက် လူထုအခြေပြုဗဟိုပြုဌာန CommunityCenterတွင် ယနေ့နံနက် ၁၁း၀၀နာရီအချိန်က ၁၀၁နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပဆောင်ရွက် ပေးခဲ့ပြီး ပြိုင်ပွဲဝင်ကလေးငယ်များကို တာဝန်ရှိသူများမှ လက်ဆောင်ပစ္စည်းများ ပေးအပ် ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်းမြို့နယ်ဒေသခံပြည်သူ(၁၄၈၅)ဦးအားကိုဗစ်၁၉ရောဂါကာကွယ် ဆေးSinopharmဆက်လက်ထိုးနှံပေး
Nov 25,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့်ဒေသခံပြည်သူများအား ကိုဗစ်၁၉ရောဂါကာကွယ် ဆေးSinopharmနှင့်SinovacအားFirstDose၊SecondDoseထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၈)နာရီအချိန်ကစုရပ်များတွင်ဆက် လက်ထိုးနှံ ပေးခဲ့ကြောင်းသိရ သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23924
Page
23925
Page
23926
Page
23927
Current page
23928
Page
23929
Page
23930
Page
23931
Page
23932
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department