အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများကပူးပေါင်းအားဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည့်အပြင် မြို့အဝင်၊ ဝမ်ကောင်း ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေး စစ်ဆေးရေးဂိတ်၌ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် နေ့စဉ် စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာနှင့် သက်က္ကယ်ကွင်း ကျေးရွာတို့တွင် ယနေ့နံနက်၈နာရီက စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် တောင်သူများပူးပေါင်းပြီး မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ခဲ့သည်။
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်လပွတ္တာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ "လူမှု့ဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ယနေ့ နံနက် ၉ နာရီ ကြိမ်ကွင်းကျေးရွာ အုပ်စုတွင် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
Nov 25,2021
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက် ရှိရာ ယမန်နေ့ နံနက် ၉နာရီခွဲက သလဲကုန်းကျေးရွာအုပ်စုတွင် ပြည်သူများအား နိုင်ငံသားစိစစ် ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
Nov 25,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်လုံးဆိုင်ရာ ၂၂ ကြိမ်မြောက်မိုးပေါ်ကျ မဟာဘုံကထိန် ရေစက်ချအခမ်းအနားကို နိုဝင်ဘာ ၂၅ရက်၊ နံနက် ၁၀နာရီအချိန်က ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အနော်ရထာခန်းမတွင် ရေစက်ချ မင်္ဂလာအခမ်းအနား ကျင်းပ ခဲ့ကြောင်းသိရသည်။
Nov 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြည်သူ့စာကြည့်တိုက် တွင် ကျောင်းသား/ကျောင်းသူများနှင့် ကလေး‌ငယ်များအတွက် အသိပညာဗဟု သုတတိုးပွါးစေရန် Onlineမှတစ်ဆင့် အသိပညာပေး အစီစဉ်များကို ရိုက်ကူး၍ ပြည်သူ့စာကြည့်တိုက် Pageတွင် လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ မိုင်းလုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဌေးဌေးဝင်းက စာပေဝါသနာရှင်များအတွက် အသိပညာ ဗဟုသုတတိုးပွားစေရန်၊အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ခြင်း အလေ့အကျင့်ဖြစ်စေရန် ရည်ရွယ်၍ ခင်စုစုစံနှင့် မြနှင်းရည်ရှိန်တို့ ဘာသာပြန်ထားသည့် "အရာအားလုံးကိုပြောင်းလဲစေသော အားပေးမှု" စာအုပ်ဖြင့် စာအုပ်မိတ်ဆက် အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။