နမ္မတူ နိုဝင်ဘာ ၂၅
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ မြို့နယ်သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွန်ကရစ်လမ်းခြောက်ခု၊ ကျောက်စီရေမြောင်းနှစ်ခု၊ ကွန်ကရစ်တံတား သုံးစင်းနှင့် ဂါလံ (၁၅၀၀၀) ဆံ့ ရေကန်တစ်ကန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နမ္မတူမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ သိရသည်။
နမ္မတူမြို့နယ် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ ခေတ္တအမှုဆောင်အရာရှိ ဒေါ်အေးမာဝင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ် သန့်ရှင်း သာယာ လှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက တင်ပြထားသည့် လုပ်ငန်းများထဲမှ ဦးစားပေးဆောင်ရွက်ရန် ရွေးချယ်ထားသည့် လုပ်ငန်း (၁၂)ခုအား ရှင်းလင်းတင်ပြသည်။
ထိုသို့ရှင်းလင်းတင်ပြရာတွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဖြစ်သည့် ပန်ဟိုက်ရပ်ကွက် (၈)ရှိ ရေကန်လမ်း အရှည် (၃၉၀)ပေ၊ အကျယ် (၁၀)ပေ၊ ထု (၆)လက်မရှိလမ်း၊ ပန်ဟိုက်ရပ်ကွက် (၁၀)ရှိ မဟာဘုံကျောင်းလမ်း အရှည် (၃၂၀)ပေ၊ အကျယ် (၁၀)ပေ၊ ထု (၆)လက်မရှိလမ်း၊ ပန်ဟိုက် ရပ်ကွက် (၆)ရှိ မြို့လယ်ကျောင်းလမ်း အရှည် (၁၅၀)ပေ၊ အကျယ် (၁၂)ပေ၊ ထု (၆)လက်မရှိလမ်း၊ ပန်ဟိုက် ရပ်ကွက် (၅)ရှိ ကုန်သွယ်လယ်ယာလမ်း အရှည် (၃၆၅)ပေ၊ အကျယ် (၁၀)ပေ၊ ထု (၆)လက်မရှိလမ်း၊ ပန်ဟိုက်ရပ်ကွက် (၄)ရှိ ဓမ္မာရုံနောက်ကျောလမ်း အရှည် (၁၀၀)ပေ၊ အကျယ် (၁၂)ပေ၊ ထု (၆)လက်မ ရှိလမ်း၊ မန်စံကျေးရွာရှိ အရှည် (၁၄၅)ပေ၊ အကျယ် (၁၀)ပေ၊ ထု (၆)လက်မ လမ်း၊ ကျောက်စီ ရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းဖြစ်သည့် ပန်ဟိုက်ရပ်ကွက် (၃)နှင့် (၆)အကြားရှိ ဂန္ဓမာလမ်း အရှည် (၉၅)ပေ၊ အကျယ် ၂ပေ ၆လက်မ၊ အမြင့် (၃)ပေ ရေမြောင်းတစ်ခု၊ ပန်ဟိုက်ရပ်ကွက် (၉)ရှိ ရေကန် တောင်လမ်း အရှည် (၁၅၅)ပေ၊ အကျယ် ၂ပေ ၆လက်မ၊ အမြင့် (၃)ပေ ရေမြောင်းတစ်ခု၊ ကွန်ကရစ်တံတား ပြုလုပ်ခြင်းလုပ်ငန်းဖြစ်သည့် ပန်ဟိုက်ရပ်ကွက် (၃)နှင့် (၆)အကြားရှိ ဂန္ဓမာလမ်း အရှည် (၃၅)ပေ၊ အကျယ် (၃)ပေ၊ အမြင့် (၃)ပေ တံတားတစ်ခု၊ ပန်ဟိုက်ရပ်ကွက် (၇)ရှိ ခတ္တာလမ်း အရှည် (၃၈)ပေ၊ အကျယ် (၃)ပေ၊ အမြင့် (၃)ပေ တံတားတစ်ခု၊ ပန်ဟိုက်ရပ်ကွက် (၃)ရှိ ကုန်းသာလမ်း အရှည် (၁၆)ပေ၊ အကျယ် (၂)ပေ၊ အမြင့် (၂)ပေ တံတားတစ်စင်းနှင့် ပန်ဟိုက်ရပ်ကွက် (၇)ခုအား ရေပေးဝေနိုင်ရေးအတွက် ရေဂါလံ (၁၅၀၀၀)ဆံ ရေစုကန် အလျား (၂၀)ပေ၊ အနံ (၁၅)ပေ၊ အမြင့် (၈)ပေ တည်ဆောက်ခြင်း စသည့်စုစုပေါင်း လုပ်ငန်း (၁၂)ခုတို့အတွက် ငွေကျပ် (၇၁.၄)သန်းဖြင့် ဆောင်ရွက်နိုင်ရေးတင်ပြရာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အတည်ပြုလက်ခံခဲ့ကြောင်း မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနမှ ခေတ္တအမှုဆောင် အရာရှိ ဒေါ်အေးမာဝင်းထံက သိရသည်။
လူမော် (ပြန်/ဆက်)