ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ ( ၁၅ )ဦးကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ထပ်မံဆင်းခွင့်ပြု

ကျေးသီး  နိုဝင်ဘာ  ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ကျေးသီးမြို့နယ် တိုင်းရင်းဆေးရုံ သီးသန့်ဆောင်တွင် ထားရှိကုသပေးလျက်ရှိသည့် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ (၁၅ )ဦးမှာ ကျန်းမာရေးပြန်လည် ကောင်းမွန်လာသည့် အတွက် နိုဝင်ဘာလ ၂၄ ရက်နေ့က ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါလူနာများသည် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါ ပိုး စစ်ဆေးတွေ့ရှိခဲ့သူများ ဖြစ်ပြီး တိုင်းရင်းဆေးရုံတွင် (၁၀)ကြာ ဆေးကုသမှုခံယူလျက်ရှိရာမှ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသည့်အတွက် ဆေးရုံးမှဆင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်ဆရာဝန်ကြီးက ဆေးရုံဆင်းခွင့်ရရှိသူများကို မိမိတို့၏နေအိမ်တွင်( ၇ )ရက်အသွားအလာ ကန့်သတ်ထားရှိပြီး သီးသန့်နေထိုင်ကြရန်၊ အိမ်အပြင်မထွက်ဘဲ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ တစ်ဦးနှင့် တစ်ဦးဆက်သွယ်ရန် လိုအပ်ပါက ဖုန်းဖြင့်သာဆက်သွယ်မှုပြုလုပ်ကြရန်၊ လူစုလူဝေးဖြင့် နေထိုင်ခြင်းမပြုရန်နှင့် အခြားလိုအပ်သည့်ဆောင်ရန်၊ရှောင်ရန်အချက်များကို မှာကြားခဲ့သည်။

ကျေးသီးမြို့နယ် ပြည်သူ့ဆေးရုံတွင် (၂ )ဦးနှင့်တိုင်းရင်းဆေးရုံတွင်( ၅၉ )ဦး စုစုပေါင်း( ၆၁ )ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီမှ သိရသည်။

နန်းမွမ်းဆိုင်(ကျေးသီး)