စလင်းမြို့နယ်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် ကွန်ပျူတာစာရင်း ရေးသွင်းနိုင်ရေး ဆွေးနွေးပွဲကျင်းပ

စလင်း နိုဝင်ဘာ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် နောင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ ဆွေးနွေးပွဲကို ယမန်နေ့ မွန်လွဲ ၃ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ ပတ္တမြားအစည်းအဝေး ခန်းမဆောင်၌ ကျင်းပပြုလုပ် ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် အိမ်ထောင်စုလူဦးရေစာရင်း ၆၆/၆ ကိုအခြေခံ၍ ကွန်ပျူတာစာရင်း ရေးသွင်းနိုင်ရေးအတွက် ဌာနဆိုင်ရာများမှ ကွန်ပျူတာ ကျွမ်းကျင်ဝန်ထမ်းများ အကူအညီပေးနိုင်ရေးနှင့်  မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ လိုအပ်သည့် အကူအညီများ ပေးအပ်နိုင်ရေးနှင့် လိုအပ်သည်များကိုပေါင်းစပ်ညှိနိုင် ပေးခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)