အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း တိုက်ပွဲရှောင်စခန်းများတွင် လာရောက် ခိုလှုံလျက်ရှိသော လက္ကာကျေးရွာမှ ကျေးလက်နေ ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ ပစ္စည်းများအား သွားရောက်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မြောက်ဦးခရိုင်ဘေးအန္တ ရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ အဆိုပါကျေးရွာသို့ သွားရောက်၍ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်း သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
Nov 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် မုံးကိုးမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ ပေးခြင်းကို ယနေ့ နံနက်(၉)နာရီ အချိန်က အ.ထ.က ကျောင်းနှင့် မြို့ပေါ် ရပ်ကွက်များတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Nov 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ရွှေပြည်သာကျေးရွာ၊ တောင်သူ ဦးညွှန့်ဝင်း၏ ကွင်းအမှတ် (၂၆၆၀) ရွှေတောင်(၁၀) ဝါမျိုး စိုက်ဧက (၂ ဒသမ ၅၀) တွင် ယနေ့ နံနက်ပိုင်းက မိုးနှောင်းဝါ စံပြကွက် ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Nov 25,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆) လတာကာလအတွင်း၊ ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကုမ္ပဏီများမှ တင် သွင်းလာသည့် အိတ်ဖွင့်တင်ဒါများအား ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားအား ယနေ့ နေ့လည် ( ၁ ) အချိန်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ (၂) တွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Nov 25,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ရေး ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ အ.ထ.ကကျောင်း၊ မူလတန်းကျောင်းများတွင် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Nov 25,2021
ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား အမျိုးသားအောင်ပွဲနေ့ကို မမေ့လျော့စေရေး အတွက် (၁ဝ၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အ.ထ.က (ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ (အခမဲ့) ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
Nov 25,2021
၂၀၂၁ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင်ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲကို ယနေ့ နေ့နံနက် ၁၁ နာရီအချိန်က မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Centre ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 25,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲ (၁) နာရီ အချိန်က (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ပန်းချီဆေး ရောင်ခြယ် ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။