ရန်ကုန် နိုဝင်ဘာ ၂၅ ရက်
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့် တိုက် လူထုအခြေပြုဗဟိုပြုဌာန CommunityCenterတွင် ယနေ့နံနက် ၁၁း၀၀နာရီအချိန်က ၁၀၁နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပဆောင်ရွက် ပေးခဲ့ပြီး ပြိုင်ပွဲဝင်ကလေးငယ်များကို တာဝန်ရှိသူများမှ လက်ဆောင်ပစ္စည်းများ ပေးအပ် ခဲ့ပါသည်။
ထိုကဲ့သို့ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ ဆောင်ရွက်ပေးခြင်းဖြင့် ကလေးသူငယ်များသည် ငယ်စဉ်ကထဲက စာပေနှင့်နီးစပ်ထိတွေ့မှုရှိစေခြင်း၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေခြင်း၊ ပျော်ရွှင်မှု ရရှိစေခြင်း၊ မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းအတွက် ရည်ရွယ်၍ ပြိုင်ပွဲများကို ကျင်းပပေးရခြင်း ဖြစ်ပါသည်။
အဆိုပါပြိုင်ပွဲကို မြို့နယ်တွင်းမှ ကလေးသူငယ်များနှင့် ဆောင်ရွက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။