ဝမ်းတွင်း နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့်ဒေသခံပြည်သူများအား ကိုဗစ်၁၉ရောဂါကာကွယ် ဆေးSinopharmနှင့်SinovacအားFirstDose၊SecondDoseထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၈)နာရီအချိန်ကစုရပ်များတွင်ဆက် လက်ထိုးနှံ ပေးခဲ့ကြောင်းသိရ သည်။
Covid19ရောဂါကာကွယ်ဆေးSinopharmFirstDose၊SecondDoseထိုးနှံပေးခြင်းများဆောင်ရွက်ပေးရာတွင် မြို့ပေါ်ရပ်ကွက်/ကျေးရွာများ အုပ်စုများရှိအသက်(၆၅)နှစ်အထက်ရှိသူများ၊ ဒေသခံပြည်သူများအားကျန်မာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီကျန်းမာရေးစစ်ဆေးပေးခြင်း၊သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ကိုယ်ရေးအချက်အလက်စာရင်းများရေးသွင်း ခြင်းများဆောင်ရွက်ပေးပြီးကျန်းမာရေးကောင်းမွန်သူအသက်(၆၅)နှစ်ထက်ရှိသူများ၊ဒေသခံ ပြည်သူ(၁၄၈၅)ဦးအားကာကွယ်ဆေးများထပ်မံထိုးနှံပေးခဲ့ကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ်အနေဖြင့်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးSinopharmထိုးနှံပေးခြင်းများကို သက်ဆိုင်ရာစုများအလိုက် ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးလုပ်ငန်းများ အောင်မြင် စေရေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျန်မာရေးဌာန ဝန်ထမ်းများ ၊မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့စေတနာလုပ်အားရှင်များနှင့် ဒေသခံပြည်သူများကပူး ပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုရဲ(ဝမ်းတွင်း)