မိုင်းရှူး နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံမှ(၉)ဦး ၊ လွိုင်ဆောင်ထောက် ဆေးရုံမှ(၂၀) ဦး ၊ပေါင်း (၂၉) ဦးကို ယမန်နေ့က ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာမရှိကြောင်းသိရပြီး မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံမှ ပြန်လည်ကျန်းမာလာသူ အမျိုးသားနှင့်အမျိုးသမီး (၃) ဦးစီရှိကြောင်း သိရသည်။
မိုင်းရှူးမြို့၌ ဇူလိုင်လ၄ရက်နေ့မှ ယမန်နေ့အထိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ (၄၄၀)ဦး၊ ဆေးရုံဆင်းသူပေါင်း(၄၂၀)ဦး၊ ကုသဆဲ(၉)ဦး၊ သေဆုံးသူပေါင်း(၁၁)ဦး၊ လွိုင်ဆောင် ထောက် တိုက်နယ်ဆေးရုံတွင် ဇူလိုင်လ(၅)ရက်နေ့မှ ယမန်နေ့ထိ ပိုးတွေ့အတည်ပြုလူနာ (၁၅၄)ဦး၊ ဆေးရုံဆင်းသူပေါင်း(၁၃၇)ဦး၊ ကုသဆဲ(၇)ဦး၊ သေဆုံး(၁၀)ဦး၊ မိုင်းစံတိုက်နယ် ဆေးရုံတွင် သြဂုတ်လ(၁၁)ရက်နေ့မှ ယမန်နေ့ထိ ပိုးတွေ့အတည်ပြုလူနာ(၆)ဦး ၊ဆေးရုံဆင်းသူ(၆) ဦးရှိကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်အတွင်း ဇူလိုင်လ(၄)ရက်နေ့မှ ယမန်နေ့အထိ ပိုးတွေ့အတည်ပြုလူနာပေါင်း (၆၀၀) ဦး ၊ ဆေးရုံဆင်းသူပေါင်း(၅၆၃) ဦး ၊ သေဆုံးသူ(၂၁) ဦးရှိပြီး အတည်ပြုလူနာ(၁၆) ဦးမှာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည််။
တောင်ပေါ်သူ(မိုင်းရှူး)