အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ဆင့် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ‘‘ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့'' ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက် (၉)နာရီမှစတင်၍ ဆက်လက်ထိုးနှံပေးသည်။
Nov 25,2021
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ မူလတန်းအဆင့် ကဗျာ ရွတ်ဆိုပြိုင်ပွဲကို ယနေ့ နေ့ ၁၂ နာရီက ပြုလုပ်ခဲ့သည်။
Nov 25,2021
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် အသက် ၁၈နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက် ၉နာရီအချိန်က မြို့နယ်အားကစားခန်းမ ခြင်းလုံးရုံ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Center ခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ( Talk Show) ကို ယနေ့နံနက်(၈)နာရီအချိန်တွင် ပြုလုပ်‌​ဆောင်ရွက်ခဲ့သည်။
Nov 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက  ယနေ့ နံနက် ၁ဝ နာရီ အချိန်ခန့်က မြို့မစည်ပင်သာယာဈေးအတွင်း ပုံမှန်မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 25,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၌ ပွင့်လင်းရာသီရောက်ရှိလာချိန်တွင် မြို့နယ်အတွင်းရှိဈေးများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ မကွေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ယနေ့နံနက် (၉)နာရီအချိန် က မကွေးမြို့မဈေးနှင့်ရန်ပယ်ဈေးတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 25,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေး ဦးစီးဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က (၁၀၁) နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  စာအုပ်/စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Nov 25,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့အခြေစိုက် Good Neighbors Myanmar အဖွဲ့မှ အသင်းဝင် စိုက်ပျိုးတောင်သူများအား အာမိုမြေဩဇာအိတ်များ အခမဲ့ထောက်ပံ့ပေးခြင်း ကို ယနေ့ နံနက်ပိုင်းအချိန်က ဆင်ပေါင်ဝဲမြို့၊ လယ်ကျိုးကျေးရွာထိပ်ရှိ အားကစားကွင်းအတွင်း တွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။